မင်္ဂလာပါမိတ်ဆွေကျွန်တော်ရဲ့ဘလော့ကို
လာလည်တဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်



ဒီဘလော့လေးကကျွန်တော်တတ်သိနားလည်ထားတဲ့
ပညာရပ်အနည်းငယ်ကို ဖော်ပြထားမယ့် ဘလော့လေး
တစ်ခုပါ အမှားအယွင်းလေးများပါခဲ့မယ်ဆိုရင် ခွင့်လွှတ်
နားလည်ပေးနိုင်မယ်လို့ ထင်ပါတယ်။ ကြွရောက်လာသော
မိတ်ဆွေသူငယ်ချင်းများ ကျန်းမာချမ်းသာကြပါစေ

Tuesday, January 12, 2010

Wireless Network Theory အကြောင်းလေးပါ


Computers များ တစ်လုံးနှင့်တစ်လုံး အပြန်အလှန် Network ချိတ်ဆက်မှုတွင် Wired Cable 
ချိတ်ဆက်မှုနှင့် Wireless ချိတ်ဆက်မှုဆိုပြီး(၂)မျိုး ရှိနိုင်ပါတယ်။ အခုကျွန်တော်က Wireless 
Network ချိတ်ဆက်မှုနဲ့ ပတ်သက်ပြီးWireless Network တွေရဲ့ ချိတ်ဆက်မှုပုံစံ Theory ကို
ပြောပြပေးမှာ ဖြစ်ပါတယ်။ Wireless Network လို့ သိလိုက်ပြီ ဆိုတာနဲ့ Computer တွေ 
တစ်လုံးနဲ့တစ်လုံး Network ချိတ်ဆက်တဲ့နေရာမှာ Wired Cable တွေနဲ့ ချိတ်ဆက်ထားမှု
မရှိဘဲ Network ချိတ်ဆက်မှုဆိုတာကို သိရှိနားလည်ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ Wireless
network ချိတ်ဆက်မယ်ဆိုရင် Wireless Access Point နှင့် Wireless Network Card တွေ 
မရှိမဖြစ်လိုအပ်မှာ ဖြစ်ပါတယ်။ ကဲ--- အခု ကျွန်တော် Wireless နဲ့ပတ်သက်တဲ့ Theory 
အချို့ကို ရှင်းပြပေးပါ့မယ်။ Wireless မှာလေ သူတို့တွေရဲ့ Data တွေပေးပို့နိုင်တဲ့ Speed က 
1 Mbps ကနေ 54 Mbps ထိရှိပါတယ်။ ဒါပေမယ့် အချို့ Wireless တွေကတော့ 108 Mbps 
ထိ Data တွေပေးပို့နိုင်ပါတယ်။ Wireless ကို အမျိုးအစား(၂)မျိုးနဲ့ ခွဲခြားလို့ ရပါတယ်။ 
ဘယ်လိုအမျိုးအစားလဲဆိုရင် Wireless LAN နှင့် Wireless WAN ဆိုပြီး အမျိုးအစားနှစ်မျိုးခွဲခြားလို့ရပါတယ်။ကျွန်တော်အခုပြောပြပေးသွားမယ့်Wirelessအကြောင်း
အရာတွေအားလုံးကတော့ Wireless LANအကြောင်းကိုပဲ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ 
Wireless LAN ချိတ်ဆက်မှုမှာ Computer တွေတစ်လုံးနဲ့တစ်လုံး Data သွားနိုင်တဲ့ ပုံစံကို 
Standard တွေနဲ့ဖော်ပြထားပါတယ်။ အဲဒီ Standard တွေကတော့IEEE 802.11a, 802.11b 
နှင့် 802.11g စတဲ့ Standard တွေပဲဖြစ်ပါတယ်။ အခု ကျွန်တော်ပြောပြပေးမယ့် Wireless 
Standard တွေက အရေးကြီးတယ်နော်။ IEEE 802.11a, 802.11b, 802.11g စတဲ့ 
Wireless Standard တွေကို သေသေချာချာ နားလည်သဘောပေါက်ထားရမှာ ဖြစ်ပါတယ်။
အဲဒီတော့--- သေသေချာချာလေး လိုက်ဖတ်ကြနော်။



Wireless Standard 802.11a ဆိုတာ

802.11a ရဲ့ data သွားနိုင်တဲ့ Data Transfer Rates သည် 1 Mbps ကနေ 54 Mbps 
ထိရှိပါတယ်။ ၎င်း 802.11a ရဲ့ Data Transfer Rates သည် 802.11b ထက် ပိုမိုမြန်ဆန်မှု 
ရှိပါတယ်။ 802.11a ရဲ့ Data တွေကို သယ်သွားပေးနိုင်တဲ့ အကွာအဝေး Distant ကတော့ 
100 Feet ရှိပါတယ်။ Dataတွေကို Transfer လုပ်ရာမှာသွားတဲ့ Frequency ကတော့ 5GHz
ရှိပါတယ်။ ဒါကြောင့် 802.11a သည် နံရံများကို ဖောက်ထွင်းပြီး Data Transfer လုပ်နိုင်မှု
အားနည်းပါတယ်။


Wireless Standard 802.11b ဆိုတာ


802.11b ရဲ့ Data သွားနိုင်တဲ့ Data Transfer Rates သည် 11Mbps သယ်သွားနိုင်ပါတယ်။
၎င်း 802.11bသည် 802.11a ရဲ့ Data Transfer Rate ထက်နှေးပါတယ်။ 802.11b ရဲ့ Data 
တွေကို သယ်သွားပေးနိုင်တဲ့အကွာအဝေး Distant ကတော့ 300 feet ရှိပါတယ်။ Data တွေကို
Transfer လုပ်ရာမှာသွားတဲ့ Frequancyကတော့ 2.4GHz ရှိပါတယ်။ ဒါကြောင့် 802.11b သည် 
နံရံများကို ဖောက်ထွင်းပြီး Data Transfer လုပ်ရာမှာ 802.11a ထက်ကို ပိုပြီးတော့ ဖောက်ထွင်း
သွားနိုင်ပါတယ်။

Wireless Standard 802.11g ဆိုတာ


802.11g ရဲ့ Data သွားနိုင်တဲ့ Data Transfer Rates သည် 54Mbps နဲ့သယ်သွားနိုင်ပါတယ်။ 
၎င်း802.11g Data တွေကို သယ်သွားပေးနိုင်တဲ့ အကွာအဝေး Distant ကတော့ 65 Feet မှ 
120 Feet ထိရှိပါတယ်။ Data တွေကို Transfer လုပ်ရာမှာ သွားတဲ့ Frequancy ကတော့ 2.4
GHz ရှိပါတယ်။ ဒါကြောင့်802.11g သည် နံရံများကို ဖောက်ထွင်းပြီး Data Transfer လုပ်နိုင်မှု
အား ကောင်းမွန်စွာ သွားနိုင်ပါတယ်။


Wireless Network ရဲ့ Security Standard များ


Wireless Security Standard ဆိုတာကတော့ ကျွန်တော်တို့ Computer တွေကို Wireless
Network ဖြင့်ချိတ်ဆက်ရာ၌ မိမိရဲ့ Wireless ထဲသို့ အခွင့်မရှိတဲ့ User များ လာရောက်ချိတ်ဆက်လို့မရအောင်တားမြစ်ထားတာနှင့် မိမိရဲ့ Wireless Network ထဲကနေ
Data တွေကို ပို့လွှတ်ရာ၌ လုံခြုံမှုရှိစေရန်အတွက်အသုံးပြုရတဲ့ Security Standard များကို 
ပြောတာ ဖြစ်ပါတယ်။ Wireless Network ရဲ့ Security Standard တွေကတော့

- WEP (Wired Equivalent Privacy)
- WPA (Wi-Fi Protected Access)
- TKIP (Temporal Key Integrity Protrol)
WEP (Wired Equivalent Privacy)
Wireless Security Standard ဖြစ်တဲ့ WEP ရဲ့ အလုပ်လုပ်တဲ့ပုံစံကတော့ 64-bit, 128-bit, 
256-bit Keyတွေကို အသုံးပြုပြီး Encrypt လုပ်တဲ့ Key တွေရဲ့ bit အရေအတွက်များလေ 
မိမိရဲ့ Wireless ရဲ့ Security ကလဲ ပိုမိုပြီးတော့ လုံခြုံမှုရှိပါတယ်။

WPA (Wi-Fi Protected Access)


WPA ကတော့ WEP ထက် ပိုပြီးတော့ လုံခြုံမှုရှိလာပါမယ်။ ဘာကြောင့်လဲဆိုတော့ WPA 
သည် AES-CCMP Algorithm ဖြင့် အလုပ်လုပ်သောကြောင့် ဖြစ်ပါတယ်။ AES-CCMP 
ဆိုတာကတော့ AES (Advance Encryption Standard) နှင့် CCMP (Counter Mode 
with Chiper Black Chaining Massage Authentication Code Protocol ) လို့ ခေါ်ပါတယ်။ 
၎င်း AES-CCMP သည် Data များကို Encrypt လုပ်ရာ၌128-bit Key နှင့်အတူ 128-bit Block
ကို အသုံးပြုပြီး လုပ်ဆောင်ပါတယ်။ နောက်ပြီး WPA သည် RADIUS Protocol ကို အခြေခံ
ထားတဲ့ Pre- Shared Key (PSK) ကို 8 ကနေ 63 Character ကို အသုံးပြုနိုင်ပါတယ်။ 
ဒါကြောင့် WPA သည် WEP ထက်ကို ပိုမို၍ Security အား ကောင်းမွန်ပါတယ်။

TKIP (Temporal Key Integrity Protocol)

TKIP ရဲ့ Data ကို Encrypt လုပ်တဲ့ပုံစံကတော့ RC4 Stream Encryption Algarithm နဲ့ အလုပ်
လုပ်ပါတယ်။ ၎င်း RC4 Stream Encryption သည် Key Mixing Function နဲ့ အလုပ်လုပ်တာ
ဖြစ်ပါတယ်။ ဒါကြောင့် TKIP ရဲ့ Data Encryption ဖြင့် Wireless Network ချိတ်ဆက်မယ်ဆိုရင် စိတ်ချယုံကြည်မှုရှိနိုင်တဲ့ Wireless Network ချိတ်ဆက်မှုပဲ ဖြစ်ပါတယ်။
ကဲ--- အခုဆိုရင် Wireless LAN နဲ့ ပတ်သက်တဲ့ Wireless တွေရဲ့ အလုပ်လုပ်မှုပုံစံတွေ၊
သူတို့တွေရဲ့ Dataသွားနိုင်တဲ့ ပမာဏတွေ အားနည်းချက် အားသာချက်တွေကို သိရှိလောက်ပြီလို့
ထင်ပါတယ်။ ဒီတော့ General Wireless Theory ကို ဒီနားမှာပဲ ရပ်နားလိုက်ပါတော့မယ်။

No comments:

Post a Comment