မင်္ဂလာပါမိတ်ဆွေကျွန်တော်ရဲ့ဘလော့ကို
လာလည်တဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်



ဒီဘလော့လေးကကျွန်တော်တတ်သိနားလည်ထားတဲ့
ပညာရပ်အနည်းငယ်ကို ဖော်ပြထားမယ့် ဘလော့လေး
တစ်ခုပါ အမှားအယွင်းလေးများပါခဲ့မယ်ဆိုရင် ခွင့်လွှတ်
နားလည်ပေးနိုင်မယ်လို့ ထင်ပါတယ်။ ကြွရောက်လာသော
မိတ်ဆွေသူငယ်ချင်းများ ကျန်းမာချမ်းသာကြပါစေ

Wednesday, January 13, 2010

CMOS Utilities ကို ကာထားသော Password ကို ပယ်ဖျက်ခြင်း





အခု CMOS Utilities ကို ကာထားသော Password ကို ဘယ်လိုပယ်ဖျက်ရမလဲ
ဆိုတာကို ပြောပြပါမယ်။ ဘာလို့အဲ့ဒီလို CMOS Utilities ရဲ့ Password ကို
ပယ်ဖျက်ခြင်းဆိုတာ ဖြစ်လာရသလဲဆိုတော့ ကိုယ့်ရဲ့ကွန်ပျူတာSetting တွေကို
လုံခြုံစေဖို့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ကွန်ပျူတာရဲ့ Setting တွေကိုပြောင်းသွား
စေနိုင်တယ်ဆိုတာက တစ်ချို့သိလို့ပြောင်းသွာတာမျိုး မဟုတ်ပဲနဲ့ မသိပဲနဲ့ ဟိုဟာလုပ်ကြည့်
ဒီဟာလုပ်ကြည့်ရင်းနဲ့ Setting ပြောင်းသွားတတ်တာမျိုးလည်း ရှိပါတယ်။ဟုတ်ပါတယ်
တကယ်လည်း ဒါမျိုး ကြုံတွေ့ဖူးပါတယ်။ ကိုယ်လုပ်ထားတုန်းကတော့ သုံးရတာ အဆင်က
ိုပြေနေတာပဲ။ နောက်တစ်ခါ သုံးလည်းသုံးကြည်တော့ ဟာ- Setting တွေက ဘယ်လို
ဖြစ်နေတာလဲကွန်ပျူတာက အရင်တစ်နေ့ကနဲ့ မတူတော့ဘူး။ ဒုက္ခပဲ ချက်ချင်းကြီး ဘာဖြစ်
သွားတာလဲပေါ့။ အဲ့ဒီတော့မှဘာဖြစ်မှန်း မသိဘူး။ ဟိုက ဖြစ်တာလား။ ဒီက ဖြစ်တာလားနဲ့
ဖြစ်ကုန်ရော။ ဘယ်ဟုတ်မလဲ နောက်ဆုံးတော့CMOS Setting တွေ ပြောင်းနေတာကိုး။
အဲ့ဒီလိုမျိုး ကြုံတွေ့ရမှာစိုးလို့ CMOS Utilities ကို Password ပေးပြီးကာကွယ်လို့ရပါတယ်။


ဒါကြောင့် တစ်ချို့တွေက ၄င်းတို့ရဲ့ ကွန်ပျူတာ Setting တွေကို တစ်ယောက်ယောက်က
ဝင်ပြီး သိလို့ဖြစ်စေ၊မသိပဲဖြစ်စေ Setting တွေ ၀င်ပြောင်းသွားတာမျိုးဖြစ်မှာစိုးလို့ မိမိတို့
ကွန်ပျူတာရဲ့ CMOS Utilities ကိုPassword ပေးပြီး ကာကွယ်ထားတတ်ပါတယ်။
ဒါဟာ ကွန်ပျူတာရဲ့ Setting တွေကို လုံခြုံမှုရှိစေတာတော့မှန်ပါရဲ့။ ဒါပေမယ့် အဲ့ဒီ
ကိုယ်ကပေးထားတဲ့ Password ကို မေ့သွားတာမျိုးဆိုရင် ဘယ်လိုလုပ်မလဲ။ CMOSUtilities
ကို Password ပေးထားရင် လုံးဝမေ့လို့ မရဘူးနော်။ ကိုယ်က တစ်ခုခု Install
လုပ်စရာရှိလို့ပဲဖြစ်ဖြစ်CMOS ထဲ ၀င်ပြီးတော့ First Boot Device မှာ CD-ROM ကို
ဝင်ကြော်ငြာပေးရတော့မယ်။ ဒီလိုဆိုရင် CMOSPassword ကို မေ့နေရင် ဘယ်လိုလုပ်မလဲ။
CMOS ကို Password ပေးပြီးသွားလို့ အဲ့ဒီ Password ကိုမေ့သွားပြီဆိုရင် တစ်ခြားဘာနှင့်မှ
ဝင်လို့မရတော့ဘူးနော်။ အဲ့ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ။ အဲ့ဒီအခါကျရင်ဘာမှလုပ်ပေးလို့မရဘူး။
အဲ့ဒီ Password ကို ဖျက်ရုံပဲပေါ့။ဒီတော့ ဒီ CMOS Utilities ကို Password
ပေးထားခြင်းဟာ ကောင်းပါတယ်။ ဒါပေမယ့် အဲ့ဒီ Password ကိုမေ့သွားလို့ မရဘူးပေါ့။
ဒါဟာ သိပ်ကိုအရေးကြီးတယ်ဆိုတာ သိကြတဲ့ အတိုင်းပါပဲ။ အဲ့ဒီတော့အခုအဲ့ဒီလောက်ရေးကြီး
တယ်ဆိုတဲ့ CMOS Utilities ကို ကာထားတဲ့ Password ကို မေ့သွားတယ်ဆိုရင်
ဘယ်လိုပြန်ဖျက်ရမလဲဆိုတာကို တစ်ဆင့်ချင်း ပြောပြပါမယ်။အဲ့ဒီတော့ အရင်ဦးဆုံး CMOS
Utilities ကို ကာထားတဲ့ Password ကို ဖျက်တဲ့နေရာမှာ Password ကိုဖျက်လို့
ရတဲ့အချက် နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်က Manually အရ Password ကို
ပယ်ဖျက်ခြင်းပဲဖြစ်ပါတယ်။ Manuallyl အရ Password ကို ပယ်ဖျက်ခြင်းဆိုတဲ့နေရာမှာ
Motherboard ပေါ်က Jumperပြောင်းခြင်းနှင့် ဒုတိယ တစ်ချက်က Motherboard
ပေါ်က Battery ကို ဖြုတ်ပေးခြင်းဆိုပြီး CMOS Utilities ကိုကာထားသော Password
ကို ပြောင်းနိုင်တဲ့နည်း နှစ်နည်းရှိပါတယ်။

Mechanically အရ CMOS Utilities ကို ကာထားသော Password ကို ပြောင်းခြင်း
သို့မဟုတ် ဖျက်ခြင်း
`

Motherboard အများစုမှာဆိုရင် လွန်ခဲ့တဲ့ ဆယ်စုနှစ်ကျော်လောက်ကတည်းက 

Motherboardပေါ်က PROM Chip တွေအတွက် Dynamic CMOS/BIOS Setting 
တွေကို ပြောင်းလဲမှုမရှိစေရန် သို့မဟုတ်သိမ်းဆည်းရန်အတွက် Battery ကို အသုံး
ပြုခဲ့ကြပါတယ်။ ဒီ BIOS/CMOSSetting တွေကိုကွန်ပျူတာကိုစတင်ထုတ်လုပ်လိုက်တဲ့ စက်ရုံကသော်လည်းကောင်း၊ ဒါမှမဟုတ်အဲ့ဒီ ကွန်ပျူတာကိုအသုံးပြုမည့် User အသုံးပြုသူကသော်လည်းကောင်း Setting ကိုManually အရ ကိုယ်တိုင်ကိုယ်ကျသတ်မှတ်ပြီး
ချိန်ညှိနိုင်ပါတယ်။ အဲ့ဒီလိုမျိုး ချိန်ညှိထားတဲ့Setting တွေကို ပြောင်းချင်တယ်ဆိုရင်လည်း
ပြောင်းလို့ရနိုင်ပါတယ်။ ဒီ Dynamic Settingတွေကို ပြောင်းတဲ့နေရာမှာ ပြောင်းနိုင်တဲ့ အချက်နှစ်ချက်ရှိပါတယ်။ပထမတစ်ချက်က Motherboardပေါ်က Jumper ကိုချိုးခြင်း၊
(Setting) ပြန်ချခြင်းဖြင့်ဖြစ်စေ၊ ကွန်ပျူတာကိုPower Plug ကိုပိတ်ပစ်လိုက်ခြင်းဖြင့် ဖြစ်စေ လုပ်ဆောင်နိုင်ပါတယ်။ နောက် ဒုတိယ တစ်ချက်ကတော့Motherboard
ပေါ်က PROM Chip တွေကို Maintain လုပ်နိုင်ဖို့အတွက် ပေးထားတဲ့ Motherboard
ပေါ်ကBattery ကို ဖြုတ်ခြင်းဖြင့်လည်း Resetting ပြန်လုပ်နိုင်ပါတယ်။


Motherboard ပေါ်က Battery ဘက်ထရီ ကိုဖြုတ်၍ CMOS Utilities ကိုကာထားသော 

Passwordကိုပယ်ဖျက်ခြင်း။

အကယ်၍များ အထက်မှာ ပြောပြခဲ့တဲ့အတိုင်း Jumper များကို ချိုးခြင်းဖြင့် ဒီ CMOS ကို
ကာထားသောPassword ဟာ ပြောင်းမသွားဘူး၊ ပျက်မသွားဘူးဆိုလို့ရှိရင် နောက်တစ်နည်း
Password ကိုဖျက်လို့ရတဲ့နည်းကတော့ Motherboard ပေါ်က ဘက်ထရီကို ဖြုတ်ထားခြင်း
ဖြင့်လည်း ၄င်း Password ကိုဖျက်လို့ရနိုင်ပါတယ်။ အဲ့ဒီတော့ CMOS Utilities ကို ကာ
ထားသော Password ကို ဘယ်လိုဖျက်မလဲဆိုတာကြည့်ရအောင်။

၁။ အရင်ဆုံး အပေါ်မှာပြောခဲ့သလိုပဲ ကွန်ပျူတာကို Shut Down လုပ်ပါ။ ပြီးရင် Power
    Plug ကို ဖြုတ်ထားပါ။ဒါမှ ပိုလို့စိတ်ချရတာပေါ့။
၂။ ပြီးရင် Casing အဖုံးကို ဖွင့်ပြီးတော့ Motherboard ပေါ်မှာ ဘက်ထရီလေးကို
    တွေ့ပါလိမ့်မယ်။ဘက်ထရီရဲ့ပုံမှန် အရွယ်အစားက ၁ လက်မ သို့မဟုတ် ၂ လက်မခန့်လောက်
    ရှိပါတယ်။ သူ့ရဲ့ Diameterခွက်လေးပေါ်မှာ ရှိနေတာကို တွေ့တယ်နော်။
၃။ အဲ့ဒီ ထက်ထရီကို Motherboard ပေါ်ကနေပြီးတော့ သူ့ရဲ့ Diameter ခွက်လေးပေါ်က
    ခဏဆွဲဖြုတ်ထားပေးပါ။ အဲ့ဒီလို ဆွဲဖြုတ်တဲ့နေရာမှာ အဲ့ဒီ ဘက်ထရီကို ကွန်ပျူတာအပြင်မှာ
    ၁၀ မိနစ် ဒါမှမဟုတ်၁၅ မိနစ် ခန့်လောက် ခေတ္တ ထားပေးထားလိုက်ပါ။
၎။ မိနစ် ၂၀၊ ၃၀ ခန့်လောက်ကြာတဲ့အခါမှာ သူ့ကို သူ့နေရာသူ ပြန်ထားပေးလိုက်ပါ။ သူ့မှာ
    ပြထားတဲ့ပုံမှာတွေ့ရတဲ့ ဘက်ထရီလေးကို ဆွဲဖြုတ်လိုက်ပါ။
၅။ ပြီးသွားပြီဆိုရင် ကွန်ပျူတာကို ပြန်ပြီးတော့ Power ပြန်ပေးလိုက်ပါ။ ပြီးရင် ကွန်ပျူတာကို
    Restartပြန်လုပ်ပေးပါ။
၆။ Restart ပြန်လုပ်ပြီး ကွန်ပျူတာစပြီးတော့ တက်ပြီဆိုတာနဲ့ Delete, F1, F10 Key
   တို့ထဲက Key တစ်ခုခုကိုဆက်တိုက်နှိပ်ထားပေးလိုက်ပါ။ ဒါဆို CMOS Setup ထဲကို
    ရောက်သွားလိမ့်မယ်။
၇။ CMOS Setup ထဲကို ရောက်သွားပြီဆိုတာနဲ့ချက်ချင်း ကိုယ့်ကွန်ပျူတာရဲ့ Default      အစိတ်အပိုင်းပုံစံတွေကိုစစ်ကြည့်လိုက်ပါ။ CPU, RAM, Hard disk တို့ရဲ့ အရွယ်အစား
    နှင့် အမျိုးအစားကို စစ်ကြည့်ပြီးတဲ့အခါပြန်ထွက်လိုက်ပါ။
၈။ နောက်ဆုံး အကုန်လုံးပြီးသွားပြီဆိုတာနဲ့ ၄င်းပြင်ထားတဲ့ Setting တွေကို သက်ရောက်စေ
    ဖို့အတွက် Saveလုပ်ပြီးမှ ပြန်ထွက်ရမှာ ဖြစ်တယ်။ Save မလုပ်ပဲ ထွက်ရင် ကိုယ်အခုနက
    သတ်မှတ်ထားတဲ့ Setting တွေဟာသက်ရောက်မှာ မဟုတ်ပါဘူး။ဒါဆိုရင် CMOS
    Utilities ကို ကာထားတဲ့ Password ကို မေ့သွားတဲ့အခါ ဘယ်လိုပြန်ဖျက်ရမယ်ဆိုတာ
    သိမယ်နော်။အကယ်yများ Jumper ကို ဖြုတ်ခြင်းဖြင့်သော်လည်းကောင်း၊ Battery
   ကိုဖြုတ်ထားခြင်းဖြင့်သော်လည်းကောင်း၊CMOS Utilities Password ကို ဖျက်၍မရလျှင်
   Motherboard ကို စဉ်းစားရပါတော့မယ်။ ဟိုးအရင်က တစ်ချို့Motherboard တွေမှာဆိုရင်
   အပေါ်မှာပြောခဲ့သလိုမျိုး ရွှေ့လို့ရတဲ့ Jumper တွေလည်း မပါသလို၊ Batteryတွေကျတော့လည်း
    ဖြုတ်လို့မရအောင် တစ်ခါတည်းခဲတို့ပြီးသားဖြစ်တယ်။ ဒါကြောင့်မို့လို့ အဲ့သလိုမျိုး
   Motherboard ပေါ်က Jumper ချိုးတာတို့၊ Battery ဖြုတ်တာတို့ကို လုပ်လို့မရပါဘူး။
   အကယ်၍များ အဲ့ဒီလိုမျိုးMotherboard ပေါ်မှာ Jumper ကို ချိုးခြင်းဖြင့်သော်လည်းကောင်း၊
   Battery ကို ဖြုတ်ထားခြင်းဖြင့်သော်လည်းကောင်း၊ CMOS Utilities ကို ကာထားသော
   Passwordကိုဖျက်၍မရဘူးဆိုလို့ရှိရင် ဘယ်လိုလုပ်ရင် ရနိုင်မလဲဆိုတာ စဉ်းစားရမည့်အချက်
   သုံးချက်ရှိပါတယ်။ဒါပေမယ့်ဒါဟာ ဖြစ်ခဲပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဟိုးအရင်အစောပိုင်းက
   Motherboard တွေမှာသာ ဒီလိုမျိုး Jumperချိုးလို့မရတာတို့၊ Battery ကို ဖြုတ်မရတာတို့
   ဖြစ်တတ်ပါတယ်။ အခုနောက်ပိုင်း Motherboard တွေမှာတော့ဒီလိုမဖြစ်တော့ပါဘူး။
   ကဲ-အဲ့ဒီတော့ ဘယ်လိုလုပ်ရမလဲဆိုတဲ့ အချက်သုံးချက်ကို စဉ်းစားကြည့်ရအောင်။

၁။ ပထမဆုံး တစ်ချက်ကတော့ Motherboard ပေါ်က BIOS/CMOS PROM Chip ကို
    ဖြုတ်ယူပြီးတော့ အဲ့ဒီMotherboard ကို ထုတ်လုပ်တဲ့ စက်ရုံ သို့မဟုတ် ကုမ္ပဏီကို
    ပို့လိုက်တာပဲဖြစ်စေ၊ ဒါမှမဟုတ် BIOSထုတ်လုပ်တဲ့ ကုမ္ပဏီသို့ပို့ပြီး အဲ့ဒီ CMOS Setting
    တွေကို ဖျက်ပြီးပြန်ရေးတာပဲဖြစ်စေ လုပ်ပေးနိုင်ပါတယ်။ဒါမှမဟုတ်လည်း Motherboard
    တစ်ခုလုံးကို ယူပြီးတော့ ထုတ်လုပ်တဲ့ စက်ရုံသို့ သွားပြီးတော့ ပြလိုက်ပါ။ ဒါဆိုပြန်ကောင်း
    သွားပါလိမ့်မယ်။
၂။ ဒုတိယတစ်ချက်က အဲ့ဒီ Motherboard ရဲ့ BIOS/CMOS PROM Chip ဟာ
    Update လုပ်လို့ရတဲ့ Chipတစ်ခုဖြစ်နေမယ်ဆိုရင် ၄င်း BIOS Update ကို Download
    လုပ်ပြီးတော့ PROM ကို ပြန်လည်ရေးလိုက်ရင်လည်းCMOS Utilities ကို ကာထားသော
    Password ကို ပြန်ဖျက်နိုင်ပါတယ်။
၃။ အကယ်၍မှ အပေါ်မှာ ပြောခဲ့တဲ့နည်းတွေနှင့် လုပ်လို့မှ မရသေးဘူးဆိုလို့ရှိရင်တော့ နောက်ဆုံး
    နည်းတစ်နည်းရှိသေးတာက အဲ့ဒီ Password ကို ပြန်ဖျက်နိုင်ဖို့အတွက် သုံးလို့ရတဲ့ Software
    လေး တစ်ခုရှိပါတယ်။အဲ့ဒီ Software ကို အသုံးပြုပြီးတော့ PROM Chip ကနေ CMOS
    Utilities ကို ကာထားတဲ့ Password ကိုဖျက်မယ်ဆိုရင် ရနိုင်ပါတယ်။ ဒါပေမယ့်
    နည်းနည်းတော့ အာရုံစိုက်ပြီး ဖျက်ရလိမ့်မယ်။ ဒါပေမယ့် အဲ့ဒီ Softwareက အလွန်ဈေးကြီးပါတယ်။
    အဲ့ဒီ Program မှာ Utilities တွေ Cracks တွေပါပါတယ်။ကဲဒီလောက်ဆိုရင်တော့ ကိုယ့်ရဲ့
    BIOS/ CMOS Utilities ကို ကာထားတဲ့ Password ကို မေ့သွားတယ်ဆိုရင်အခုပြောပြထား
    ခဲ့တဲ့ နည်းတွေအတိုင်း အဆင့်ဆင့်လုပ်ဆောင်ပြီးတော့ ၄င်း Password ကိုပြန်ဖျက်လို့ရနိုင်မယ်လို့
    ထင်ပါတယ်။

1 comment:

  1. The Best Casino Sites in the world - Lucky Club Live
    Discover the best online casinos that offer games from Microgaming, NetEnt, Evolution Gaming and Microgaming with our in-depth guides. How to use Bitcoin? Can I make deposits? Are online casinos luckyclub.live safe?

    ReplyDelete