မင်္ဂလာပါမိတ်ဆွေကျွန်တော်ရဲ့ဘလော့ကို
လာလည်တဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်



ဒီဘလော့လေးကကျွန်တော်တတ်သိနားလည်ထားတဲ့
ပညာရပ်အနည်းငယ်ကို ဖော်ပြထားမယ့် ဘလော့လေး
တစ်ခုပါ အမှားအယွင်းလေးများပါခဲ့မယ်ဆိုရင် ခွင့်လွှတ်
နားလည်ပေးနိုင်မယ်လို့ ထင်ပါတယ်။ ကြွရောက်လာသော
မိတ်ဆွေသူငယ်ချင်းများ ကျန်းမာချမ်းသာကြပါစေ

Thursday, January 14, 2010

Enhanced Versatile Disc ( EVD ) အကြောင်း

EVD သည် DVD ကနေ ဆင်းသက်လာတဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။
အဓိက ရည်ရွယ်ချက်ကတော့နောက်ပိုင်းပေါ်လာတဲ့ HDTV Format ကို
Support လုပ်နိုင်ဖို့ပါ။DVD နဲ့ ရုပ်ပိုင်းဆိုင်ရာ တည်ဆောက်ပုံခြင်း တူပါတယ်။
တရုတ်ကနေ စတင်ထုတ်လုပ်ခဲ့တာပါ။ EVDပေါ်မှာ Record လုပ်နိုင်တဲ့
VP5 နဲ့ VP6 Format တွေပါရှိပါတယ်။VP5 နဲ့ VP6 ဆိုတာက MPEG-2 ထက်
အရည်အသွေး ပိုကောင်းတဲ့ Video Compression Techniquesတစ်မျိုးပါ။

ဈေးနှုန်းကလည်း သက်သာပါတယ်။ Video Compression နည်းပညာကလည်း
ပိုကောင်းပါတယ်။ DVDတွေမှာ Support မလုပ်နိုင်တဲ့ HDTV Resolutions ကို
EVD မှာ သိမ်းဆည်းလို့ ရပါတယ်။ အသံပိုင်းမှာလည်း Mono၊ Stereo၊ 5.1
Surround Sound စနစ်တွေကို Support လုပ်နိုင်တဲ့ EAC(Enhanced Audio
Codec) နည်းပညာကို သုံးထားပါတယ်။ EVD Disc ကို Layer ဆယ်ခုနဲ့ ဖွဲ့စည်း
ထားပါတယ်။ Layer တစ်ခုမှာ Data ပမာဏ 5 GB အထိဝင်ဆန့်ပါတယ်တဲ့။
မူလ EVD Disc တွေဟာ ပုံစံအရွယ်အစားအားဖြင့် DVD နဲ့ တူညီတဲ့အတွက်
ကြောင့် မည်သည့် ကွန်ပျူတာDVD Drive မှာ မဆို Read လုပ်လို့ ရနိုင်ပါတယ်။
DVD-R Disc နဲ့လည်း Copy ကူးလို့ ရပါတယ်။EVD Player ရဲ့ ရုပ်ပုံထွက်တဲ့
အရည်အသွေးဟာ DVD Player ထက် ငါးဆ ပိုမို ရှင်းလင်းပြတ်သားစွာမြင်တွေ့
ရပါတယ်။သိမ်းဆည်းနိုင်မှု ပမာဏကလည်း DVD ထက်ပိုမိုသိမ်းဆည်းနိုင်ပါတယ်။

No comments:

Post a Comment