မင်္ဂလာပါမိတ်ဆွေကျွန်တော်ရဲ့ဘလော့ကို
လာလည်တဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်
ဒီဘလော့လေးကကျွန်တော်တတ်သိနားလည်ထားတဲ့
ပညာရပ်အနည်းငယ်ကို ဖော်ပြထားမယ့် ဘလော့လေး
တစ်ခုပါ အမှားအယွင်းလေးများပါခဲ့မယ်ဆိုရင် ခွင့်လွှတ်
နားလည်ပေးနိုင်မယ်လို့ ထင်ပါတယ်။ ကြွရောက်လာသော
မိတ်ဆွေသူငယ်ချင်းများ ကျန်းမာချမ်းသာကြပါစေ
Friday, January 15, 2010
ISA Server ၏ Monitoring နှင့် Reporting အကြောင်း
ကျွန်တော်  ISA Server ၏ ၀န်ဆောင်မှုတစ်ခုအပါအ၀င်ဖြစ်သော Monitoringကြည့်ရှုထိန်းချုပ်ခြင်း အပိုင်းနှင့် Reporting အပိုင်းကို တင်ပြပေးပါသည်။ Server ၌ ပါဝင်သော monitoringအပိုင်းသည် 
Server ၏ performance ကို အချိန်နှင့် တပြေးညီ ကြည့်ရှုနိုင်ခြင်း၊ မိမိ၏ Local Network နှင့်အတူ
ပြင်ပ external network ကို ချိတ်ဆက်ထားသော Connectivity စသည်တို့ကို ထိန်းချုပ်နိုင်ခြင်း 
စသည့် စိတ်ဝင်စားဖွယ် Tools များကို ထည့်သွင်းပေးထားပါသည်။
Reasons for use monitoring (Monitoring Tools ကို သုံးရခြင်းရည်ရွယ်ချက်)
ISA Server ၌ ပါဝင်သော Monitoring Tools ကို သုံးရခြင်း၏  ရည်ရွယ်ချက်များစွာ
ရှိပါသည်။ ၄င်းတို့ထဲမှာအဓိက သုံးရခြင်း၏ ရည်ရွယ်ချက်များဖြစ်သော-
(1)Monitoring traffic flow between network. (မိမိ Network နှင့် ပြင်ပ
    Network traffic ကိ ကြည့်ရှုစောင့်ကြည့်နိုင်ခြင်း)
(2)Troubleshooting network connectivity. 
    (Internet  နှင့်ချိတ်ဆက်ထားသော Networkconnectivity အား ပြုပြင်
    ထိန်းသိမ်းနိုင်ခြင်း)
(3)Investigating attacks. ( မိမိ Network အား ပြင်ပ External Network
    မှတိုက်ခိုက်ခြင်းကို ကြည့်ရှုနိုင်ခြင်း)
(4)Planning (အစီအစဉ်ချခြင်း)
၎င်းအချက်များဟာ monitoring အပိုင်းကို သုံးရခြင်း၏ ရည်ရွယ်ချက်များဖြစ်ပြီး 
တစ်ခြားရည်ရွယ်ချက်များစွာလည်း ရှိပါတယ်။ ယခုအခါ ၄င်း monitoring အပိုင်းတွင် 
ပါဝင်သော Components အစိတ်အပိုင်းများကို ရှင်းပြပေးသွားပါမယ်။
ISA Server Monitoring တွင် ပါဝင်သော componentsများမှာ-
(1)Dashboard
(2)Alerts
(3)Sessions
(4)Services
(5)Reports
(6)Connectivity
(7)Logging     တို့ဖြစ်ပါတယ်။
(1)ISA Server Dashboard
ISA Server၏ monitoring အပိုင်းတွင်ပါဝင်သော (Dashboard) Service သည် Server
Real Time Monitoring (အချိန်နှင့် တစ်ပြေးညီ ကြည့်ရှုနိုင်ခြင်း)နှင့် Server ၏ Information 
(အချက်အလက်) များကိုSummary (အကျဉ်းချုပ်) ဖော်ပြပေးခြင်းကို လုပ်ဆောင်ပေးပါ သည်။ 
၎င်း (Dashboard Tabs) တွင် ပါဝင်သောComponets များမှာ
(1)Connectivity
(2)Services
(3)Reports
(4)Alerts
(5)Sessions
(6)System Performance     တို့ဖြစ်သည်။
(1)Connectivity Tabs
    Summary (အကျဉ်းချုပ်ကြည့်ရှုနိုင်ခြင်း)
(2)Services Tabs
     ပြသပေးခြင်း။
(3)Reports
    Summary (အကျဉ်းချုပ်) ပြပေးခြင်း။
(4)Alerts
    Alerts view တွင်လည်း Server ပေါ်၌ သတ်မှတ်ထားသော Alerts  
    ပိုင်းကို ပြသပေးခြင်း။
(5)Sessions
    Server မှ သတ်မှတ်ထားသော client session များအား ပြသပေးခြင်း။
(6)System Performance
    Rule (စည်းမျဉ်းစည်းကမ်း) များနှင့် Server မှတဆင့်  
    ဖြတ်သန်းသွားသော    Network Traffic များကို ကြည့်ရှုနိုင်ခြင်း 
    စသည်တို့ ဖြစ်သည်။
Monitoring ISA Server System Performance
ဒီနေရာမှာ ကျွန်တော် ISA Server ရဲ့ System Performance အကြောင်းကို အသေးစိတ်ရှင်းပြ
ပေးပါမယ်။ ဒီ System Performance အပိုင်းဟာ Dashboard Tabs တွင် ပါဝင်ပြီး အရေးကြီးသော အပိုင်းလည်းဖြစ်ပါတယ်။ကျွန်တော်တို့ ISA Server ကို (installation) လုပ်နေစဉ် အတွင်း၌ Server
မှအရေးကြီးသော (System Performance) ၏ အစိတ်အပိုင်းများကို တစ်ပါတည်း တပ်ဆင်သွားပါ
တယ်။ ၄င်းအစိတ်အပိုင်းများကို (System Performance Objects) လို့လည်း ခေါ်ဆိုကြပါတယ်။ 
၎င်းအစိတ်အပိုင်းများကို (System Performance Objects)လို့လည်း ခေါ်ဆိုကြပါတယ်။ ၄င်းobjects 
များဟာ (System Performance)၏ (Background Service)များဖြစ်ပါတယ်။ ပါဝင်သော objects 
များမှာတော့ဖြင့်
(1) ISA Server Firewall Engine
(2) ISA Server Cache
(3) ISA Server Firewall Service
(4) ISA Server Web Proxy Service
(5) ISA Server H.323 Filter တို့ဖြစ်ပါတယ်။ ကျွန်တော် ဒီနေရာမှာ 
     ပါဝင်သော object(5) ခုကို တစ်ခုချင်းဆီရှင်းပြပါ့မယ်။
(1) ISA Server Firewall Engine
     Firewall engine မှတစ်ဆင့် သတ်မှတ်မှတ်ထားသော packet များ၏ 
     ခွင့်ပြုခြင်း (Allow) or တားမြစ်ခြင်း (Deny) စသည်တို့အပြင်
     လက်ရှိအသုံးပြုနေသော Client Connection တို့၏ အရေအတွက်များကို
     ကြည့်ရှုနိုင်သည်။ ဒီနေရာမှာ (Firewall Engine) နှင့် (Firewall Policy) 
     အကြောင်းကို သက်ဆိုင်ရာ သင်ခန်းစာမှာ 
     အကျယ်တ၀င့်ရှင်းပြပေးပါ့မယ်။
(2) ISA Server Cache
      Internet မှတစ်ဆင့် URL များအတွက် သိမ်းဆည်းထားရန် 
      အထူးပြုလုပ်ထားသောအပိုင်းကို (Cache) ဟုခေါ်ပါတယ်။ ၎င်း ISA  
      Server Cache တွင် URL များအတွက် သိမ်းဆည်းထားသော disk ၏
      စွမ်းဆောင်ရည်ကို ကြည့်ရှုနိုင်ခြင်းနှင့် ၎င်း URL များအား access    
      လုပ်ဆောင်သော client များ၏ Performance rateကိုကြည့်ရှုနိုင်ခြင်း  
      စသည်တို့ကိုဖော်ပြပေးပါ့မယ်။
 (3) ISA Server Firewall Services
      ၎င်း ISA Server Firewall Service တွင် Firewall ClientConnection 
      တစ်မျိုးသာ ပြသပေးသည်။ ISA Server မှ Support  လုပ်သောClient 
      Type (3) မျိုးရှိပြီး ၎င်းတို့မှာ (1) Firewall Client  (2) Web Proxy
      (3) Secure NAT Client တို့ဖြစ်သည်။ ၎င်း Client Type  
      (3)မျိုးအသေးစိတ်ကို သက်ဆိုင်ရာ အခန်းကျမှ
          တစ်ဆင့်အသေးစိတ်ရှင်းပေးသွားပြပါ့မယ်။ အခု Object ၌ Firewall Client ၏အရေ
          အတွက်ကိုပြသပေးသည်။
(4) ISA Server Web Proxy Service
      Web Proxy Service ကို ချိတ်ဆက်အသုံးပြုလျက်ရှိသော Client  
      အားလုံး၏ Performance (စွမ်းဆောင်ရည်)ကိုရည်ညွှန်းခြင်းဖြစ်သည်။
(5) ISA Server H.323 Filter
H.323 ကို Gatekeepen လို့ခေါ်ကြသည်။ ၎င်း H.323 ကိုအသုံးပြုတာကတော့ VOIP Phone တွေ ,
Video Conferencing ထုက်တဲ့နေရာတွေမှာအသုံးပြုကြပါတယ်။ ဥပမာအနေနဲ့ပြောရရင်တော့ VZO 
Chat နှင့် Netmeeting Program တို့သည် H.323 Protocol ကိုအသုံးပြုကြပါတယ်။ ISA Server 
မှာ H.323 filterဆိုတာသည် H.323 Protocol ကို filter လုပ်ခြင်းလို့ပြောတာဖြစ်ပါတယ်။
၎င်း Sessions View တွင် Sessions တစ်ခုခြင်းစီအတွက် ပါဝင်သော Information (အချက်အလက်) များမှာ -
(1) Activation > (Session တစ်ခုချင်းစီ၏ Data and Time ကိုပြပေး )
(2) Session  > (Secure NAT , Firewall Client , VPN Site - to -Site , and Web Proxy စသော 
    Client Type များကိုပြပေးသည်။)
(3) Client IP  >  (Client Type တစ်ခုခြင်းစီ၏ IP ကိုပြပေးသည်။)
(4) Source Network > (Client ၏ အသုံးပြုသော Network အသုံးပြုသော အစိတ်အပိုင်းကိုပြသ
     ပေးသည်။ ဥပမာ Internal or Local Host........ etc)
(5) Client User Name > (Client ၏ Name ကို ပြပေးသည်။ ၎င်း Name သည် Web Proxy Client  နှင့်
Firewall Client Name (2) ခုကိုပင် ပြသပေးသည်။
(6) Client Host Name > (Client ၏ ကွန်ပျူတာ Name ကို ပြပေးသည်။ ၎င်းနေရာ၌ Firewall Client ၏
ကွန်ပျူတာ Name Secure NAT Client အတွက် IP Address ကိုသာပြပေးသည်။)
၎င်း Sessions ၌ ပါဝင်သော Information များအပြင် ကွန်တော်တို့သီးခြားဖန်တီးနိုင်သော Information
(2)မျိုးရှိသည်။ ၎င်းတို့မှာ-
(1) Server Name (ISA Server ၏ Name ပြပေးသည်။
(2) Application Name (Firewall Client ၏ လက်ရှိသုံးစွဲနေသော Application Name ကိုပြပေးသည်။)
Connectivity Mornitoring
Connectivity Service တွင် ISA Server နှင့် တစ်ဆင့်သီးခြား ထပ်ဆင့်ချိတ်ဆက်ထားသော Web based URL
, သီးခြားချိတ်ဆက်ချိတ်ဆက်ထားသော Server များနှင့် Computre များ၏ ကြားရှိ Connectivity ကို
စစ်ဆေးပေးခြင်းဖြစ်သည်။ ၎င်း Connectivity များကိုမစစ်ဆေးခင် ပထမဦးစွာ ISA Server နှင့်
သီးခြားချိတ်ဆက်နိုင်တဲ့ Group များကိုဖော်ပြထားပါတယ်။ ၎င်း တို့မှာ-
(1) Active Directory
(2) DHCP
(3) DNS
(4) Published Servers
(5) Web (Internet) တို့ဖြစ်သည်။ ၎င်း Group များသည် ISA Server နှင့် အပြန်အလှန်ချိတ်ဆက်နိုင်ပြီး
ချိတ်ဆက်ထားသော Group တစ်ခုခြင်းစီနှင့် ၎င်း တို့ကြားရှိ Connectivity ကိုကြည့်ရှုနိုင်သည်။
Services
Monitoring တွင်ပါဝင်သော Service တစ်ခုမှာ ISA Server Services တစ်ခုပင်ဖြစ်သည်။ ၎င်း Services
များသည် ISA Server ကို စတင် Install (တပ်ဆင်ခြင်း) ကပင်ပါလာသည်။ ၎င်း Services များမှာ-
(1) Microsoft Firewall Service
(2) Microsoft ISA Server Control Service
(3) Microsoft ISA Server Job Schedular Service
(4) Microsoft Data Engine (MSDE)
(5) Microsoft ISA Server Storage  တို့ပဲဖြစ်ပါတယ်။ ISA Server Services ၌ စုစုပေါင်း (၅) ခုသာရှိပေမယ့်
တကယ်တမ်း Server Job ၌ Microsoft Firewall Service , Microsoft ISA Job Schedular နှင့် Microsoft
Data Engine  (MSDE) သုံးခုသာတွေ့ရှိရမှာဖြစ်ပါတယ်။ ၎င်း Services များကို Stop or Start စသည့်
Configuration များပြုလုပ်ပေးနိုင်ပါတယ်။
Sessions
Sessions Services တွင် ISA Server နှင့် ချိတ်ဆက်အသုံးပြုလျက်ရှိသော Client Type များကို
ဖော်ပြပေးသည်။၎င်း Sessions ကို တစ်နည်းအားဖြင့် “Monitor Real-Time Sessions”
ဟုလည်းခေါ်ဆိုကြသည်။ ၎င်း Sessions Services သည် အဓိက ISA Server မှ Support လုပ်ထားသော
Client Type များ၏ သုံးစွဲနေသောအချိန်တို့ကို ပြသပေးခြင်းသာဖြစ်သည်။ ၎င်း Sessions တစ်ခုခြင်းစီအတွက်
ဝင်ရောက်ပြင်ဆင်နိုင်သောအချက် (၃) ချက်မှာ -
(1) Disconnecting  the Sessions (လက်ရှိအသုံးပြုနေသော Client ၏ Sessions ကိုအပြီးတိုင်ဖြုတ်ချခြင်း)
(2) Pausing Monitoring Sessions (လက်ရှိအသုံးပြုနေသော Client ၏ Sessions ကို ခေတ္တခဏရပ်ခြင်း)
(3) Stopping Monitoring Sessions (လက်ရှိအသုံးပြုနေသော Client ၏ Sessions ကိုရပ်ထားခြင်း)
တို့ကိုပြုလုပ်နိုင်သည်။ ၎င်း Sessions တွင်ပါဝင်သော Client types (6)မျိုးရှိသည် ၎င်းတိုပမှာ -
(1) Firewall Clients
(2) Secure NAT Clients
(3) Web Proxy Clients
(4) VPN Remote Clients
(5) VPN Site-to-Site Connections
(6) VPN Quarntined Clients
Connectivity နှင့် ပက်သက်၍ Configure လုပ်နိုင်သော အချက်(၃) ချက်ရှိသည်။ တစ်နည်းအားဖြင့် ၎င်း
Connectivity ကိုစစ်ဆေးနိုင်သော အချက်များဟူ၍လည်း ခေါ်ဆိုနိုင်သည်။ ၎င်း အချက်(၃)ချက်မှာ -
(1) Ping
(2) TCP Connect
(3) HTTP Request
(1) Ping
Ping သည် ISA Server မှ တစ်ဆင့်သတ်မှတ်ထားသော Web Server , URL စသော Server များသို့ IP
Message ဖြစ်သော (ICMP ECHO-REQUEST Message) ပို့လွှတ်ခြင်းနှင့် လက်ခံတွေရှိ ခြင်း (ICMP ECHO
REPLY) တို့ကိုဆောင်ရွက်ပေးသည်။
(2) TCP Connect
မိမိဖန်တီးတည်ဆောက်ခဲ့သော User or URL ဆီသို့သက်ဆိုင်ရာ Application တစ်ခုခြင်းစီ၏ Port Number
ကိုထိန်းချုပ်ခြင်းဖြစ်သည်။
(3) HTTP Request
သတ်မှတ်ထားသော Web Server ဆီသို့ ISA Server မှတစ်ဆင့် Web (URL) နှင့်ပက်သက်၍
တောင်းဆိုခြင်းကိုဆိုလိုပါသည်။
Alerts
Alerts ပိုင်းတွင် ISA Server တစ်ခုလုံး၏ အရေးကြီးသော အစိတ်အပိုင်းများကို လုံခြုံရေးအရ ဖန်တီးထားပြီးပြင်ပ
Network မှ ၀င်ရောက် Detect လုပ်ခြင်းတို့၏အန္တရာယ်မှကာကွယ်ပေးနိုင်ရန်
စီစဉ်ဆောင်ရွက်ခြင်းကိုဆိုလိုပါသည်။ ၎င်း Alert  ၌ Server တစ်ခုလုံးအတွက်လုံခြုံရေးအပိုင်းများအား
သတ်မှတ်ထားပြီးနောက် အကယ်၍မိမိ၏ Network အတွင်းအား ပြင်ပ Network မှ ထောက်လှမ်းခြင်း
(detect) လုပ်ခြင်းခံရပါက Server Administrator အားအကြောင်းကြားပေးနိုင်ရန် ဖန်တီးပေးထားခြင်း
ဖြစ်သည်။
Logs
Log Service တွင် ISA Server ၏ ဖြစ်ပျက်မှုမှန်သမျှကို သိမ်းဆည်းနိုင်သည်။
Reports
Reports Service တွင် ISA Server တစ်ခုလုံးအကျဉ်းချုပ်အလုပ်လုပ်ဆောင်ပုံကို HTML Format နှင့်
ပြန်လည်ထုတ်ပြခြင်းဖြစ်သည်။  ၎င်း HTML Format နှင့်ထုတ်ပြရန်မိမိစိတ်ကြိုက်
ရွေးချယ်နိုင်သော အချက်(၅)ချက်ရှိသည်။၎င်းတို့မှာ-
(1) Summary
(2) Web Usage
(3) Application Usage
No comments:
Post a Comment