မင်္ဂလာပါမိတ်ဆွေကျွန်တော်ရဲ့ဘလော့ကို
လာလည်တဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်
ဒီဘလော့လေးကကျွန်တော်တတ်သိနားလည်ထားတဲ့
ပညာရပ်အနည်းငယ်ကို ဖော်ပြထားမယ့် ဘလော့လေး
တစ်ခုပါ အမှားအယွင်းလေးများပါခဲ့မယ်ဆိုရင် ခွင့်လွှတ်
နားလည်ပေးနိုင်မယ်လို့ ထင်ပါတယ်။ ကြွရောက်လာသော
မိတ်ဆွေသူငယ်ချင်းများ ကျန်းမာချမ်းသာကြပါစေ
Sunday, January 24, 2010
Cisco ASA Firewall အကြောင်းသိကောင်းစရာ
ယခုဆောင်းပါးကတော့ Cisco ရဲ့ နာမည်ကြီး Hardware Firewall တစ်ခုကို ပြောပြပါ့မယ်။
ဒါကတော့ PIX Firewall ရဲ့နောက်ကွယ်ကနေ ထွက်ပေါ်လာတဲ့ ASA (Adaptive Security
Firewall ဟာ ယခုထက်တိုင် Entreprise Network တွေမှာသာမက Telecommunication
Service Provider တွေကြားထဲမှာပါ အသုံးပြုတဲ့ Firewall ပဲ ဖြစ်ပါတယ်။Cisco ကနေ
သူ့ရဲ့ ASA Firewall ကို 5500 Series အဖြစ် သတ်မှတ်ထားပါတယ်။ ဒါ့အပြင် Cisco ကနေ
၎င်း Deviceကို ၂၀၀၃ ခုနှစ်မှာစတင်ပြီး မိတ်ဆက်ပေးခဲ့ကာ  ၎င်း Firewall သည် Cisco
ကနေမှထုတ်တဲ့ Products ၃ ခုရဲ့နည်းပညာတွေကို ပေါင်းစည်းပြီး ထုတ်ပေးခဲ့တာ
ဖြစ်ပါတယ်။ ၎င်း Product (၃)ခုအမျိုးအစားတွေကတော့-
(၁)    Cisco ရဲ့ PIX Firewall နဲ့ NAT တို့ရဲ့ လုပ်ဆောင်ချက်
(၂)    Cisco ရဲ့ IPS (Intrusion Prevention System) 4200 Series ရဲ့ လုပ်ဆောင်ချက်
(၃)    Cisco VPN 3000 Series Concentrators တစ်နည်းအားဖြင့် VPN Network ရဲ့ လုပ်ဆောင်ချက်များကိုတစုတဝေးတည်း နည်းပညာပေါင်းစပ်မှုရဲ့ နောက်ကွယ်ကနေပြီး
Cisco ကနေ ASA ဆိုတဲ့ Firewall ကို ထုတ်လုပ်ပေးခဲ့တာ ဖြစ်ပါတယ်။
ဒီတော့ အောက်မှာ Cisco ASA ရဲ့ Firewall Specification ကို ဖော်ပြထားပါတယ်။
Read More
Wednesday, January 20, 2010
Norton Disk Doctor အကြောင်းသိကောင်းစရာ
Norton Disk Doctor ဆိုတာ ဘာလဲ ။ Norton Disk Doctor ဆိုတာ Hard disk ကို
စစ်ဆေးတာဖြစ်တယ်။ ဘာဖြစ်လို့ Hard Disk ကို စစ်တာလဲဆိုတော့ Hard Disk မှာ
Error ရှိ၊မရှိ စစ်ဆေးပေးတာဖြစ်တယ်။ Hard Disk မှာ ရှိတဲ့ Error တွေ ဆိုတာက
ဘာတွေကြောင့် ဖြစ်တတ်သလဲ၊ ဘယ်လိုမျိုးကိုပြောတာလဲဆိုတော့ ကွန်ပျူတာကို အ
သုံးပြုရင်းနဲ့ မီးကပြတ်သွားတာတို့ ဘာတို့ကြောင့် ကွန်ပျူတာကို Shut Down မလုပ်
လိုက်ရပဲနဲ့  ပိတ်သွားတဲ့အခါကျတော့ လက်ရှိ ကွန်ပျူတာမှာ အသုံးပြုနေတဲ့ File တွေ၊
Program တွေဟာ ပျက်သွားတတ်တာမျိုး၊ ဒါမှမဟုတ် အသုံးပြုတဲ့အခါ Errorပြ တတ်
တာမျိုးကိုကြုံရတတ်ပါတယ်။ ပြောရမယ်ဆိုရင် Norton Disk Doctor မှာ Scandisk နှင့်
သဘောတရား အတူတူပဲဖြစ်ပါတယ်။
Read More
Outlook Web Access (OWA) အကြောင်းသိကောင်းစရာ
Outelook Web Access (OWA) တဲ့။ Outlook Web Access ဟာ Microsoft Exchange Server 5.0
နဲ့သူ့ရဲ့ နောက်ပိုင်းထွက်ရှိတဲ့ Microsoft Exchange Server ရဲ့ Webmail service တစ်ခုပဲဖြစ်ပါတယ်။ OWAကိုမူလက Exchange Web Connect (EWC) လို့ခေါ်ခဲ့ကြတာပါ။ Outlook Web Access ဟာ Microsoft Exchange Server ရဲ့တစ်စိတ်တစ်ဒေသဖြစ်ပါတယ်။ သူ့ကို Exchange Server 2010 မှာ Outlook Web Appလို့အမည်းပြောင်းထားပါတယ်။ OWA ကို Microsoft Outlook desktop application
ကိုမရနိုင်တဲ့အခါမျိုးတွေမှာ e-mail တွေ ၊ calendars တွေ ၊ contacts တွေ ၊ လုပ်ငန်းဆောင်တာတွေနဲ့ အခြားMailbox content တွေကို access လုပ်ဖို့အတွက် အသုံးပြုခြင်းဖြစ်ပါတယ်။ Exchange Server 2007
ကိုထွက်ရှိပြီးနောက်မှာတော့ OWA ကို Network Shares တွေနဲ့ Microsoft SharePoint တွေထဲမှာ
သိုလှောင်ထားတဲ့  documents တွေကို ဖတ်ရုံပဲဖတ်ဖို့အတွက် ခွင့်ပြုထားပါတယ်။ OWA ကို User တွေကနေRemote ကနေ Web Browser တွေကိုချိတ်ဆက်နိုင်ရန်အတွက် Microsoft ကနေ support
လုပ်ထားတာဖြစ်ပါတယ်။ အချို့လုပ်ငန်းဆောင်တာတွေမှာ OWA ဟာ Microsoft Outlook နဲ့တူပါတယ်။
ဒါပေမယ့်သူတို့ရဲ့ ကွဲပြားချက်ကတော့ Microsoft Outlook ဟာ Network connection မရရှိရင်လည်း e-mailတို့ ၊ calendars တို့နဲ့အလုပ်လုပ်လို့ရပေမယ့် OWA ကျတော့ လုပ်ငန်းတွေကို ဆောင်ရွက်ဖို့ Network connection လိုအပ်ပါတယ်။ OWA ကို Internet cafes တွေနဲ့ Web နဲ့ဆက်သွယ်မှုတွေကို support လုပ်တဲ့နေရာတွေမှာ အသုံးပြုနိုင်ပါတယ်။ OWA ဟာ POP3 ကို Support မလုပ်နိုင်တာရယ် ၊ အခြား web based accounts တွေရဲ့ mail တွေ၏  ကြံ့ခိုင်မှုကိုမဆောင်ရွက်နိုင်တာရယ်တွေကြောင့် တော်တော်များများက ဝေဖန်ခဲ့ကြပါတယ်။
OWA interface ကို Exchange 2000 ကတည်းက ရနိုင်ပါတယ်။ Exchange 2000 ရဲ့ Premium ကို
Access လုပ်ဖို့အတွက် Internet Explorer လိုအပ်ပါတယ်။ Exchange 2000 and 2003 က Internet
Explorer 5 လိုအပ်တယ် ၊ Exchange 2007 က Internet Explorer 6 လိုအပ်တယ် ၊ Exchange 2010 က Internet Explorer 7 လိုအပ်တယ်။ နောက်ပိုင်းမှာတော့ Mozilla Firefor 3.01 and later Borser
တွေကလည်း Support လုပ်နိုင်တယ်။ Basic Interface တွေက Exchange Server 2003 ကို Support
မလုပ်တဲ့အချိန်မှာတော့ OWA ( UI Interface) က Exchange Server 2007 အတွက် reworked ဖြစ်နေပါပြီ။
OWA Light ဟာဆိုရင် တိုးတက်လာတဲ့ Mail items တွေ ၊ managing contacts တွေ နဲ့ calendar တွေရဲ့
Serach တွေကို support လုပ်နိုင်နေပါပြီ။ ကဲ..........ဒီလောက်ဆိုရင်တော့ OWA ရဲ့ အကြောင်းကိုနည်းနည်းတော့ သိသွားလောက်ပြီလို့ပဲထင်ပါတယ်။
Read More
Laptop Hard Disk များကို Shock Bar ခံထားတယ်ဆိုတာဘာကြောင့်လဲ?
Laptop တွေဟာ လွယ်လွယ်ကူကူ သယ်ယူသွားလို့ရတယ်မလား...။ ဒီအခါမှာ မတော်တဆ လွတ်ကျ
တာတို့၊ တစ်ခုခုနဲ့ တိုက်မိသွားတာတို့ဖြစ်ခဲ့ရင် Hard Disk ကို အဓိက ထိခိုက်စေနိုင်ပါတယ်။ Hard Disk
ထဲမှာ ရှိတဲ့ အစိတ်အပိုင်းလေးတွေက လှုပ်ရှားမှုဒဏ်ကို မခံနိုင်ကြပါဘူး။ Hard Disk က အရမ်းလှုပ်ရှားပြီး
တုန်ခါသွားတဲ့အခါမျိုးမှာဆိုရင် Hard Disk ကို ဖတ်လို့မရနိုင်တာတွေ၊ Hard Disk မှာ Error တက်တာတွေ
ဖြစ်လာနိုင်ပါတယ်။
အဲ...လိုမျိုး ဖြစ်သွားတဲ့အခါမှာ တစ်ခါတစ်ရံ သိမ်းဆည်းထားတဲ့ အချက်အလက်တွေ ပျက်စီးသွားတတ်
သလို၊ ကံကောင်းလျင်လည်း ပျက်စီးသွားတဲ့ အချက်အလက်တွေကို ပြန်လည် Recovery လုပ်လို့ရ
ပါတယ်။ အဲလို ပြန်လုပ်ဖို့က Special Recovery Software တွေကို အသုံးပြုရပါတယ်။ ကံမကောင်းရင်
တော့ ဘာမှကို ပြန်ရမှာ မဟုတ်ပါဘူး။
ဒါမျိုးတွေ မဖြစ်ရလေအောင် Laptop Hard Disk ထုတ်လုပ်တဲ့ ကုမ္ပဏီတွေက စဉ်းစားအားထုတ်
လာကြပါတယ်။ ဒီလိုနဲ့ပဲ Shock Bar တွေကို Laptop ရဲ့ Hard Disk တွေမှာ အသုံးပြုလာကြပါတယ်။
အဲလို အသုံးပြုလာတဲ့အတွက် Hard Disk ရဲ့ တုန်ခါမှုကို တတ်နိုင်သမျှ လျှော့ပေးလာနိုင်ပါတယ်။
ကားတွေမှာ Shock Bar တွေတပ်တာတော့ စာဖတ်သူ ကြားဖူးပါလိမ့်မယ်။ ကားတွေမှာ Shock Bar တွေ
တပ်ထားတဲ့အခါကျတော့ ကားစီးသူကလည်း ညိမ့်ညိမ့်လေးနဲ့ ကားစီးလို့ရတာပေါ့။ အကယ်၍ ကားက
ချိုင့်တွေ၊ ကျင်းတွေထဲ ကျသွားရင်တောင် ကားက ညိမ့်ညိမ့်လေးနဲ့ ဆက်သွားပါတယ်။ အဲဒီသဘောတရား
အတိုင်းပါပဲ Hard Disk မှာ Shock Bar တွေ ခံထားတဲ့အခါကျတော့ Hard Disk ကို အရမ်းကြီး တုန်ခါ
လှုပ်ရှား မသွားအောင် ကာကွယ်ပေးနိုင်ပါတယ်။ အဲလို တုန်ခါမှုမရှိတော့ရင် Hard Disk ရဲ့ အတွင်းပိုင်း
မှာရှိတဲ့ အစိတ်အပိုင်းတွေကလည်း လွယ်လွယ်နဲ့ မပျက်စီးတော့ဘူးပေါ့။
ယခုဆိုရင် Laptop ထုတ်လုပ်တဲ့ ကုမ္ပဏီတော်တော်များများဟာ Shock-bar တွေကို တပ်ဆင်လာကြပါ
တယ်။ အဓိက ရည်ရွယ်ချက်ကတော့ မတော်တဆ Laptop က ပြုတ်ကျသွားတယ်ဆိုရင် Screen တွေ၊
အခြားပစ္စည်းတွေကို ကာကွယ်နိုင်ဖို့ထက် သိမ်းဆည်းထားတဲ့ အချက်အလက်တွေကို ကာကွယ်နိုင်ဖို့ရန်
Hard Disk ကို မထိခိုက်စေဖို့က ပိုပြိးအရေးကြီးတယ်ဆိုတာကို သိရှိလာလို့ပါပဲ။
၎င်း Shock Bar တွေကို Hard Disk မှာ တပ်ဆင်အသုံးပြုတာကို Shock Proof လို့ခေါ်ပါတယ်။
နောက်ဆုံးပေါ် Laptop တော်တော်များများမှာတော့ Shock Proof တွေပါဝင်လာပါတယ်။ Hard Disk နဲ့
ပတ်သက်ပြီး လုံခြုံစိတ်ချလို့ ရလာတာပေါ့။
အဲဒီတော့ သင့်အနေနဲ့ Laptop ၀ယ်မယ်ဆိုရင် Shock Bar အသုံးပြုတားတဲ့ Shock Proof ပါဝင်တဲ့
Laptop တွေကိုပဲ ၀ယ်ပါလို့ တိုက်တွန်းလိုက်ပါတယ်...။
Read More
Friday, January 15, 2010
ISA Server ၏ Monitoring နှင့် Reporting အကြောင်း
ကျွန်တော်  ISA Server ၏ ၀န်ဆောင်မှုတစ်ခုအပါအ၀င်ဖြစ်သော Monitoringကြည့်ရှုထိန်းချုပ်ခြင်း အပိုင်းနှင့် Reporting အပိုင်းကို တင်ပြပေးပါသည်။ Server ၌ ပါဝင်သော monitoringအပိုင်းသည် 
Server ၏ performance ကို အချိန်နှင့် တပြေးညီ ကြည့်ရှုနိုင်ခြင်း၊ မိမိ၏ Local Network နှင့်အတူ
ပြင်ပ external network ကို ချိတ်ဆက်ထားသော Connectivity စသည်တို့ကို ထိန်းချုပ်နိုင်ခြင်း 
စသည့် စိတ်ဝင်စားဖွယ် Tools များကို ထည့်သွင်းပေးထားပါသည်။
Reasons for use monitoring (Monitoring Tools ကို သုံးရခြင်းရည်ရွယ်ချက်)
ISA Server ၌ ပါဝင်သော Monitoring Tools ကို သုံးရခြင်း၏  ရည်ရွယ်ချက်များစွာ
ရှိပါသည်။ ၄င်းတို့ထဲမှာအဓိက သုံးရခြင်း၏ ရည်ရွယ်ချက်များဖြစ်သော-
(1)Monitoring traffic flow between network. (မိမိ Network နှင့် ပြင်ပ
    Network traffic ကိ ကြည့်ရှုစောင့်ကြည့်နိုင်ခြင်း)
(2)Troubleshooting network connectivity. 
    (Internet  နှင့်ချိတ်ဆက်ထားသော Networkconnectivity အား ပြုပြင်
    ထိန်းသိမ်းနိုင်ခြင်း)
(3)Investigating attacks. ( မိမိ Network အား ပြင်ပ External Network
    မှတိုက်ခိုက်ခြင်းကို ကြည့်ရှုနိုင်ခြင်း)
(4)Planning (အစီအစဉ်ချခြင်း)
၎င်းအချက်များဟာ monitoring အပိုင်းကို သုံးရခြင်း၏ ရည်ရွယ်ချက်များဖြစ်ပြီး 
တစ်ခြားရည်ရွယ်ချက်များစွာလည်း ရှိပါတယ်။ ယခုအခါ ၄င်း monitoring အပိုင်းတွင် 
ပါဝင်သော Components အစိတ်အပိုင်းများကို ရှင်းပြပေးသွားပါမယ်။
ISA Server Monitoring တွင် ပါဝင်သော componentsများမှာ-
(1)Dashboard
(2)Alerts
(3)Sessions
(4)Services
(5)Reports
(6)Connectivity
(7)Logging     တို့ဖြစ်ပါတယ်။
Read More
SSD ( Solid State Drive ) အကြောင်း
Electronics Device တွေအားလုံးကို Semiconductor တွေ၊ Chips တွေနဲ့
ပြုလုပ်ထားတာပါ။ Solid Stateလို့ ဆိုလိုက်တာနဲ့ Semiconductor တွေနဲ့
ပြုလုပ်ထားတဲ့ Electronics Circuit ဆိုတာ သိရပါမယ်။ SSD လို့ဆိုလိုက်တာ
နဲ့ Semiconductor နဲ့ ပြုလုပ်ထားတဲ့ IC လေး ဒါမှမဟုတ် Data သိမ်းတဲ့ ပစ္စည်း
လေးဆိုတာသိနေရပါမယ်။အခုလက်ရှိ အနီးစပ်ဆုံး ဥပမာ ပြရရင်တော့ USB
Ports မှာထိုးပြီးသုံးရတဲ့ Flash Memory Stickလေးတွေကို ပြရမှာပါ။ Solid
State Drive နဲ့ USB Flash Drive ဆိုပြီး နာမည်သာ ကွဲသွားတာပါ။Non-volitile
Memory Chips ဖြစ်တာကတော့ အတူတူပါပဲ။Non-volatile Memory ဆိုတာက
သူ့ထဲမှာ Data တွေ သိမ်းမယ်။ ကိုယ်က မဖျက်သရွေ့ ပျောက်မသွားဘူး။
Power မရှိတော့တဲ့ အချိန်မှာလည်း Data တွေရှိနေအောင် သိမ်းထားနိုင်တယ်။
တစ်ခုပဲကွာတာပါ။Flash Drive က PC ရဲ့ အပြင်ဘက်မှာ သုံးဖို့ အဓိက Design
ထုတ်ထားတာပါ။ SSD ကတော့ Systemအတွင်းဘက်၊ အတိအကျပြောရမယ်ဆို
ရင်တော့ Hard Disk နေရာ မှာ အစားထိုးပြီးသုံးနိုင်ဖို့ အဓိကရည်ရွယ်ပြီး Design
ထုတ်ထားတာပါ။ဒါကြောင့်မို့ SSD ကို အပြင်ကကြည့်ရင် Hard Disk နဲ့ အတော်
တူပါတယ်။ အဓိက ရည်ရွယ်တာကတော့Notebook နဲ့ PC တွေမှာ သုံးဖို့ပါ။ ဒီလို
သုံးနိုင်ဖို့အတွက်တော့ Hard Disk အရွယ်အစားလောက်ရှိမှဖြစ်မှာပေါ့။ ပြီးတော့
IDE Connector တွေ SATA Connector တွေကလည်းပါရဦးမယ်လေ။SSD ကို
ဘာကြောင့်သုံးသင့်သလဲSSD က Hard Disk အပေါ်မှာ သာသွားတဲ့အချက် သုံး
ချက်ရှိပါတယ်။နံပါတ် ( ၁ )က Power အစားနည်းပါတယ်။ ဘာ့ကြောင့်လဲ?
Motor တွေလည်ဖို့ အသုံးပြုရတဲ့ Powerမလိုတော့ပါဘူး။ Drive လည်း Hard Disk
ထက်ကို Energy အများကြီးနည်းပြီးသုံးပါတယ်။နံပါတ် ( ၂ )အချက်က Data တွေ
ကို ပိုပြီး မြန်မြန်ဆန်ဆန် ပို့နိုင် Access လုပ်နိုင်ပါတယ်။လူတိုင်းလူတိုင်းလိုချင်ကြတဲ့
အချက်ပါ။ Data တွေရှာဖို့အတွက် Hard Disk မှာလို Platter တွေရွှေ့စရာမလိုပါဘူး။
Read More
Thursday, January 14, 2010
Blu-Ray Disc အကြောင်းသိကောင်းစရာ
Blu-Ray Disc ကို အတိုကောက်အနေနဲ့ BD လို့ ခေါ်ပါတယ်။ High
Definition Video နှင့် Data တွေသိုလှောင်ဖို့အတွက် နောက်ဆုံးပေါ်
နည်းပညာနဲ့ ထုတ်လုပ်ထားတဲ့ Disc လေးပါ။ ယနေ့ခေတ်မှာ
တွင်ကျယ်စွာ အသုံးပြုနေတဲ့ DVD တို့ CD တို့နဲ့ အလားသဏ္ဍာန် တူပါတယ်။
အပြာရောင် Laser အလင်းတန်းကို အသုံးပြုပြီး ဖတ်ရ၊ ရေးရတဲ့အတွက် Blue
Ray Disc လို့ ခေါ်တာပါ။အနီရောင် Laser အလင်းတန်းကို အသုံးပြုတဲ့ ရိုးရိုး
DVD Format ထက်ကို Data ပမာဏများများသိုလှောင်နိုင်ပါတယ်။ နှစ်ဖက်စလုံး
အသုံးပြုနိုင်တဲ့ Two Layer DVD ထက်ကို (၆)ဆသာတာကိုတွေ့ရပါတယ်။
တဖက်တည်းသုံးလို့ရတဲ့ Single Layer DVD ထက်ကို ဆယ်ဆခွဲလောက်
ပိုဆန့်ပါတယ်။Blu-Ray ဟာ HD DVD နဲ့ အပြိုင် ထွက်ခဲ့တာပါ။ နောက်ဆုံးမှာ
တော့ Blu-Ray က အနိုင်ရတယ်ပဲဆိုကြပါစို့။ ဘာကြောင့်လဲဆိုတော့ HD DVD
ထုတ်တဲ့ Company တွေဟာ Blu-Ray ကို စိတ်ဝင်စားလာကြလို့ပါပဲ။
Blu-Ray Disc ကို Blu-Ray Disc Association ကနေ ထုတ်လုပ်တာပါ။
Blu-Ray ရဲ့ CD/DVD တွေ အပေါ် အဓိက အားသာချက်ကတော့ Data တွေကို
ကျစ်ကျစ်လစ်လစ်နဲ့များများ သိုလှောင်နိုင်တဲ့ စွမ်းရည်ပါပဲ။
Read More
Enhanced Versatile Disc ( EVD ) အကြောင်း
EVD သည် DVD ကနေ ဆင်းသက်လာတဲ့ နည်းပညာတစ်ခု ဖြစ်ပါတယ်။
အဓိက ရည်ရွယ်ချက်ကတော့နောက်ပိုင်းပေါ်လာတဲ့ HDTV Format ကို
Support လုပ်နိုင်ဖို့ပါ။DVD နဲ့ ရုပ်ပိုင်းဆိုင်ရာ တည်ဆောက်ပုံခြင်း တူပါတယ်။
တရုတ်ကနေ စတင်ထုတ်လုပ်ခဲ့တာပါ။ EVDပေါ်မှာ Record လုပ်နိုင်တဲ့
VP5 နဲ့ VP6 Format တွေပါရှိပါတယ်။VP5 နဲ့ VP6 ဆိုတာက MPEG-2 ထက်
အရည်အသွေး ပိုကောင်းတဲ့ Video Compression Techniquesတစ်မျိုးပါ။
Read More
LCD Monitor ပေါ်တွင်ရှိသော အစက်ကလေးများ
LCD Monitor တစ်လုံးကို ကျွန်တော်တို့တွေ ၀ယ်ယူ အသုံးပြုကြပြီ ဆိုကြပါစို့။ 
ဝယ်ယူလိုက်တဲ့ Monitorဟာ အပြစ်အနာအဆာကင်းတဲ့ Monitor ဖြစ်စေချင်မှာပါပဲ။ 
အဲလို ဖြစ်စေချင်ပေမယ့်လည်း တစ်ခါတစ်ရံMonitor ပေါ်မှာ အစက်သေးသေးလေး
လေးတွေ ပါလာတတ်ပါတယ်။ဒီ အစက်သေးသေးလေးတွေက Monitor အသစ်တွေ
မှာတောင်ပါလာခြင်း ဖြစ်ပါတယ်။ ၎င်းအစက်ကလေးတွေကို Dead Pixels လို့လည်း 
ခေါ်ပါတယ်။ အဲလို Dead Pixels လေးတွေကတစ်ခါတစ်ရံမှာ မမြင်ရပါဘူး။ ဒါပေမယ့်
လည်း အရောင်အမျိုးမျိုး ပြောင်းလဲကြည့်ပြီး စမ်းသပ်လို့ရပါတယ်။အဲလို Desktop ရဲ့
အရောင်ကို အမျိုးမျိုးပြောင်းပြီး စမ်းသပ်ကြည့်မယ်ဆိုရင် Dead Pixels ရှိ၊မရှိသိနိုင်
ပါတယ်။Monitor ကို စက်ရုံက ထုတ်လုပ်လိုက်ကတည်းက Dead Pixels လေးတွေက
ပါလာတတ်တာမျိုးဖြစ်ပါတယ်။ အဲလို Dead Pixels တွေ ပါဝင်မှုကို Monitor ထုတ်လုပ်
တဲ့ ကုမ္ပဏီတွေက တတ်နိုင်သမျှလျှော့ချထုတ်လုပ်နိုင်အောင် ကြိုးစားနေကြဆဲ 
ဖြစ်ပါတယ်။အဲဒီ Dead Pixels လေးတွေ ဘာဖြစ်လို့ ပါလာတာလဲ။ ဒီမေးခွန်းကို ဖြေနိုင်
ဖို့အတွက် LCD Monitorတစ်လုံးရဲ့ အခြေခံ အလုပ်လုပ်ပုံကို သိထားဖို့တော့ လိုပါတယ်။ 
အခြေခံအားဖြင့်တော့ LCD Monitorတွေက အရမ်းရိုးရှင်းစွာ အလုပ်လုပ်ပါတယ်။
LCD Display မှာ Pixel တွေနဲ့ ဖွဲ့စည်းထားပြီး၊ အဲဒီ Pixelလေးတွေထဲမှာ Sub Pixels 
လေးတွေ ရှိပါတယ်။အဲဒီ Sub Pixels လေးတွေနဲ့ အရောင်တွေဖြစ်တဲ့ အနီ၊ အစိမ်း၊ 
အပြာ (R,G,B)တို့ကို ဖော်ပြပေးပါတယ်။Dead Pixel လေးတွေကတော့ အဖြူ (သို့မဟုတ်)
အမည်းရောင်တွေနဲ့ အမြဲတမ်း ဖော်ပြနေပါလိမ့်မယ်။တနည်းအားဖြင့် အရောင်မဖော်ပြပေး
နိုင်တဲ့ Pixel လေးကို Dead Pixel လို့ ခေါ်ဆိုခြင်း ဖြစ်ပါတယ်။ အဖြူ(သို့မဟုတ်) အမည်း
ရောင် Pixel လေးမှာ အရောင်မရှိဘူးပေါ့။အဲဒီ Dead Pixel လေးကို ဖျောက်ချင်တယ်ဆိုရင်
တော့ Desktop ရဲ့ Background ကို အမည်းရောင်(သို့မဟုတ်) အဖြူရောင် (သို့မဟုတ်) 
ရောစပ်ထားတဲ့ အရောင်တစ်ရောင်ကို ပြောင်းလဲပေးလိုက်ပါ။ဒီလိုပြောင်းလဲပေးလိုက်ရင် 
Dead Pixel ကို Desktop ရဲ့ Background က ဖုံးသွားပြီးတော့ Dead Pixel ကပျောက်သွား
ပါတယ်။ ပျောက်သွားတယ်ဆိုတာ Monitor ကနေ လုံးဝပျောက်သွားတာ မဟုတ်ပါဘူး။
Read More
LCD Monitor များ၏ Contrast Ratio ဆိုသည်မှာ
ယနေ့အချိန်မှာ ကွန်ပျူတာအသုံးပြုသူအများစု အနေနဲ့ Monitor ရွေးချယ်ရာတွင် CRT
(Cathode Ray Tube) Monitorများအစား LCD (Liquid Crystal Display)
Monitor များကိုသာ ပိုမို ရွေးချယ်ဝယ်ယူလာကြတာကို တွေ့ရပါတယ်။အခုအချိန်မှာ LCD
Monitor တစ်လုံးရဲ့ တန်ဖိုးဟာလည်း သင့်တင့်မျှတတဲ့ ဈေးနှုန်းမှာ ရောက်နေပြီဖြစ်တာကြောင့်
အသုံးပြုရတာ ပိုမို အဆင်ပြေကောင်းမွန်တဲ့ LCD Monitor တွေကိုပဲ ပိုမို ရွေးချယ်လာကြတာ
ဖြစ်ပါတယ်။ကဲဒါဆိုရင် ကျွန်တော်တို့ LCD Monitorတွေရဲ့အကြောင်းကို
အနည်းငယ်လောက်တော့ သိထားသင့်ပါတယ်။ ဒါမှ LCD Monitor တစ်လုံးဝယ်တော့မယ်ဆိုရင်
ဘယ်လို Monitor မျိုးကိုရွေးချယ် ၀ယ်ယူရမယ်ဆိုတာ ကိုယ်ပိုင် စဉ်းစားဆုံးဖြတ်နိုင်ကြမယ်လေ။
မကောင်းဘူးလား။ကျွန်တော်ကတော့ အခုနောက်ပိုင်း LCD Monitor အမျိုးအစားတော်တော်
များများမှာ အသားပေး ကြော်ငြာလာကြတဲ့Contrast Ratio ဆိုတာအကြောင်းကို အဓိက
အသားပေး ဖော်ပြပေးသွားမှာဖြစ်ပါတယ်။Contrast Ratio ဆိုတာဘာလဲ။
ဥပမာ 1000:1 ၊ 5000:1 ၊ 10000း1 တို့ စသည်ပေါ့။ အဲဒါဆိုရင် အဲဒီ Contrast Ratio ဆိုတာဘာနဲ့သက်ဆိုင်တာလဲ။ဘာအတွက်လဲ။
Read More
Wednesday, January 13, 2010
eSATA အကြောင်းသိကောင်းစရာ
External Serial Advanced Technology Attachment ( e SATA )
သည် SATA Technology များအတွက် ပြင်ပမှ အသုံးပြုနိုင်ရန်ဖန်တီးပေးထားသော
Interfaceတစ်ခုဖြစ်သည်။External Storage Devices အတွက် FastData Transfer
Speed ကိုထောက်ပံ့ရာတွင် e SATA သည် Fire Wire 400နှင့် Universal Serial Bus
( USB )တို့နှင့်အပြိုင် ဖြစ်သည်။
Hard Drives များအတွက် Internal Bus Interface သည် SATA ထက်
ပို၍ သုံးရအဆင်ပြေပြီး Older Parallel Technology ထက် ပို၍မြန်သော Speed
ကို ထောက်ပံ့ပေးသည်။ SATA Cables များမှာသေး၍ 3 Feet (1m)လောက် ရှည်တယ်။
Parallel Cables တွေကတော့ အရွယ်အစားကြီးမားပြီး 18 Inches ( 45.7cm )
လောက်ပဲရှည်ပါတယ်။ e SATA ကို သုံးမယ်ဆိုရင် SATA မှ Exterior Storage
Solution များပါထောက်ပံ့နိုင်တယ်။e SATA ရဲ့ Transfer Rate ဟာ USB 2.0
နှင့် Fire Wire 400 တို့ရဲ့ ၃ ဆကိုရောက်တဲ့အခါအားနည်းချက်တစ်ခု ဖြစ်လာရပါတယ်။
အဲဒါကတော့ e SATA ဟာ ယခင်ဖော်ပြခဲ့တဲ့Interface တွေနဲ့မတူဘဲသူ့အတွက်ကိုယ်ပိုင်
Power Connector လိုအပ်ခြင်းပါဘဲ။ ဒါပေမယ့် ၎င်းဟာExternal Disk Storage
အတွက်အကောင်းဆုံးသော ရွေးချယ်ခြင်းပါပဲ။ USB Fire Wire Interface တို့နှင့်နောက်ထပ်
ကွဲပြားတာကတော့၊ Interface နှင့် Computer ကြားမှာ eSATA က Data တွေကို
Translate လုပ်ပေးဖို့ မလိုပါဘူး။ ဒါကြောင့် Data Transfer ရဲ့ Speed ကို မြင့်မားစေပြီး
Computer Processor Resources တွေလည်းချွေတာရာရောက်လာပါတယ်။
Extra Off-LoadChipလည်းမလိုတော့ဘူး။e SATA Connector မပါတဲ့ Desktop
Motherboard တွေအတွက် Peripheral Component Interconnect ( PCI )
Card ကို ၀ယ်ယူနိုင်ပြီးeSATA Interface အဖြစ်သုံးစွဲ၍ရနိုင်ပါတယ်။Notebooks
တွေဟာ Laptop Model ကိုအခြေခံ၍ ( PCMCIA ), ( PC Card ) or ( Express
Card Slot)အတွက်ပြုလုပ်ထားသော ( External eSATA ) တစ်ခု ကို သုံးစွဲနိုင်ပါတယ်။
eSATA ကြောင့်External Disk Arrays များအတွက်မြန်ဆန်သော SATA Drives
များကို သုံးနိုင်ပြီးStorage ပမာဏကိုတိုးမြှင့်ပေးရုံသာမကမြန်ဆန်၍အလွယ်တကူ
ယူနိုင်သော Storage ကိုလည်းရရှိနိုင်ပါတယ်။ eSATA ရဲ့Hot- Swappable Feature
ကြောင့် Disk တွေကိုအလုပ်မှအိမ်၊ Computer တစ်လုံးမှ တစ်လုံးအလွယ်တကူပြောင်း
ရွှေ့သယ်နိုင်တယ်။အုပ်ချုပ်ရေးရုံးများ၊IT သမားများ၊ ကြော်ငြာနှင့် Marketing
Executives များနှင့်Game ကစားသူများက၎င်းတို့ကိုကြိုက်နှစ်သက်ကြပါတယ်။
SATA မှာ မတူညီသော Standardsများ
Read More
CMOS Utilities ကို ကာထားသော Password ကို ပယ်ဖျက်ခြင်း
အခု CMOS Utilities ကို ကာထားသော Password ကို ဘယ်လိုပယ်ဖျက်ရမလဲ
ဆိုတာကို ပြောပြပါမယ်။ ဘာလို့အဲ့ဒီလို CMOS Utilities ရဲ့ Password ကို
ပယ်ဖျက်ခြင်းဆိုတာ ဖြစ်လာရသလဲဆိုတော့ ကိုယ့်ရဲ့ကွန်ပျူတာSetting တွေကို
လုံခြုံစေဖို့အတွက်ကြောင့်ပဲ ဖြစ်ပါတယ်။ ကွန်ပျူတာရဲ့ Setting တွေကိုပြောင်းသွား
စေနိုင်တယ်ဆိုတာက တစ်ချို့သိလို့ပြောင်းသွာတာမျိုး မဟုတ်ပဲနဲ့ မသိပဲနဲ့ ဟိုဟာလုပ်ကြည့်
ဒီဟာလုပ်ကြည့်ရင်းနဲ့ Setting ပြောင်းသွားတတ်တာမျိုးလည်း ရှိပါတယ်။ဟုတ်ပါတယ်
တကယ်လည်း ဒါမျိုး ကြုံတွေ့ဖူးပါတယ်။ ကိုယ်လုပ်ထားတုန်းကတော့ သုံးရတာ အဆင်က
ိုပြေနေတာပဲ။ နောက်တစ်ခါ သုံးလည်းသုံးကြည်တော့ ဟာ- Setting တွေက ဘယ်လို
ဖြစ်နေတာလဲကွန်ပျူတာက အရင်တစ်နေ့ကနဲ့ မတူတော့ဘူး။ ဒုက္ခပဲ ချက်ချင်းကြီး ဘာဖြစ်
သွားတာလဲပေါ့။ အဲ့ဒီတော့မှဘာဖြစ်မှန်း မသိဘူး။ ဟိုက ဖြစ်တာလား။ ဒီက ဖြစ်တာလားနဲ့
ဖြစ်ကုန်ရော။ ဘယ်ဟုတ်မလဲ နောက်ဆုံးတော့CMOS Setting တွေ ပြောင်းနေတာကိုး။
အဲ့ဒီလိုမျိုး ကြုံတွေ့ရမှာစိုးလို့ CMOS Utilities ကို Password ပေးပြီးကာကွယ်လို့ရပါတယ်။
ဒါကြောင့် တစ်ချို့တွေက ၄င်းတို့ရဲ့ ကွန်ပျူတာ Setting တွေကို တစ်ယောက်ယောက်က
ဝင်ပြီး သိလို့ဖြစ်စေ၊မသိပဲဖြစ်စေ Setting တွေ ၀င်ပြောင်းသွားတာမျိုးဖြစ်မှာစိုးလို့ မိမိတို့
ကွန်ပျူတာရဲ့ CMOS Utilities ကိုPassword ပေးပြီး ကာကွယ်ထားတတ်ပါတယ်။
ဒါဟာ ကွန်ပျူတာရဲ့ Setting တွေကို လုံခြုံမှုရှိစေတာတော့မှန်ပါရဲ့။ ဒါပေမယ့် အဲ့ဒီ
ကိုယ်ကပေးထားတဲ့ Password ကို မေ့သွားတာမျိုးဆိုရင် ဘယ်လိုလုပ်မလဲ။ CMOSUtilities
ကို Password ပေးထားရင် လုံးဝမေ့လို့ မရဘူးနော်။ ကိုယ်က တစ်ခုခု Install
လုပ်စရာရှိလို့ပဲဖြစ်ဖြစ်CMOS ထဲ ၀င်ပြီးတော့ First Boot Device မှာ CD-ROM ကို
ဝင်ကြော်ငြာပေးရတော့မယ်။ ဒီလိုဆိုရင် CMOSPassword ကို မေ့နေရင် ဘယ်လိုလုပ်မလဲ။
CMOS ကို Password ပေးပြီးသွားလို့ အဲ့ဒီ Password ကိုမေ့သွားပြီဆိုရင် တစ်ခြားဘာနှင့်မှ
ဝင်လို့မရတော့ဘူးနော်။ အဲ့ဒါဆိုရင် ဘယ်လိုလုပ်ကြမလဲ။ အဲ့ဒီအခါကျရင်ဘာမှလုပ်ပေးလို့မရဘူး။
အဲ့ဒီ Password ကို ဖျက်ရုံပဲပေါ့။ဒီတော့ ဒီ CMOS Utilities ကို Password
ပေးထားခြင်းဟာ ကောင်းပါတယ်။ ဒါပေမယ့် အဲ့ဒီ Password ကိုမေ့သွားလို့ မရဘူးပေါ့။
ဒါဟာ သိပ်ကိုအရေးကြီးတယ်ဆိုတာ သိကြတဲ့ အတိုင်းပါပဲ။ အဲ့ဒီတော့အခုအဲ့ဒီလောက်ရေးကြီး
တယ်ဆိုတဲ့ CMOS Utilities ကို ကာထားတဲ့ Password ကို မေ့သွားတယ်ဆိုရင်
ဘယ်လိုပြန်ဖျက်ရမလဲဆိုတာကို တစ်ဆင့်ချင်း ပြောပြပါမယ်။အဲ့ဒီတော့ အရင်ဦးဆုံး CMOS
Utilities ကို ကာထားတဲ့ Password ကို ဖျက်တဲ့နေရာမှာ Password ကိုဖျက်လို့
ရတဲ့အချက် နှစ်ချက်ရှိပါတယ်။ ပထမတစ်ချက်က Manually အရ Password ကို
ပယ်ဖျက်ခြင်းပဲဖြစ်ပါတယ်။ Manuallyl အရ Password ကို ပယ်ဖျက်ခြင်းဆိုတဲ့နေရာမှာ
Motherboard ပေါ်က Jumperပြောင်းခြင်းနှင့် ဒုတိယ တစ်ချက်က Motherboard
ပေါ်က Battery ကို ဖြုတ်ပေးခြင်းဆိုပြီး CMOS Utilities ကိုကာထားသော Password
ကို ပြောင်းနိုင်တဲ့နည်း နှစ်နည်းရှိပါတယ်။
Read More
Hard disk ပျက်ရခြင်းအကြောင်းနှင့် စမ်းသပ်ပုံများ
HDD ဘာဆိုတာ သိပြီးသားလို့ ထင်ပါတယ်။ HDD ဆိုတာ Hard Disk Drive ကို ပြောတာပါ။
Hard Disk ဘာကြောင့် ပျက်တတ်သလဲ။ သိထားသင့်တဲ့ အချက်ပါ။ Hard Disk ထဲမှာ
သိမ်းဆည်းထားတဲ့အချက်အလက်တွေကို ကွန်ပျူတာက Access လုပ်လို့ မရနိုင်တော့ဘူး
ဆိုလျင် Hard Disk ပျက်တယ်လို့ပြောနိုင်ပါတယ်။ အဲလိုပျက်ရတဲ့ အကြောင်းအရင်းတွေက
ဘာတွေလဲ။ အဲလိုသိထားမယ်ဆိုလျင် ကိုယ်ကသတိထားလို့ရတာပေါ့။
Hard Disk ပျက်စီးစေနိုင်တဲ့ အချက်အလက်တွေကတော့
(၁) Firmware တစ်ပိုင်းတစ်စပျက်ခြင်းနှင့် လုံးဝပျက်ခြင်း
(၂) Electronic ပိုင်းက Failure ဖြစ်ခြင်း
(၃) Mechanical ပိုင်းက Failure ဖြစ်ခြင်း
(၄) Logical ပိုင်းက Failure ဖြစ်ခြင်း စသည်တို့ ဖြစ်ကြပါတယ်။
Data Lost ဖြစ်တာကို အဓိကထားပြောချင်တာကြောင့် Logical Failure ကိုပါ
ထည့်သွင်းဖော်ပြပေးထားတာ ဖြစ်ပါတယ်။ သုံးလို့မရနိုင်လောက်အောင် ပျက်စီးသွားတဲ့
Hard Disk ရှိသလို၊ Bad Sector ဖြစ်လို့ Data တွေ ဆုံးရှုံးသွားတဲ့ အကြောင်းကိုပါ
ခြုံငုံပြီးတော့ ဖော်ပြပေးမှာဖြစ်ပါတယ်။
Firmware ပျက်ခြင်းနှင့် ပျက်ရခြင်းအကြောင်း
HardDisk ရဲ့Firmware ဆိုတာဘာကိုပြောတာလဲ။ကွန်ပျူတာကနေ HardDisk
ကိုချိတ်ဆက်အသုံးပြုတဲ့နေရာမှာတိကျမှန်ကန်စွာ ချိတ်ဆက်အသုံးပြုနိုင်ဖို့ လိုအပ်တဲ့
Information တွေ သိမ်းထားတဲ့နေရာ ဖြစ်ပါတယ်။ဒီတော့ တကယ်လို့များ Hard Disk
ရဲ့ Firmware က တစ်ပိုင်းတစ်စပဲဖြစ်ဖြစ်၊ အကုန်လုံးပဲဖြစ်ဖြစ်ပျက်သွားခဲ့လျင် ကွန်ပျူတာကနေ
Hard Disk ကို လှမ်းပြီး ချိတ်ဆက်တဲ့အခါ မှန်ကန်စွာ ချိတ်ဆက်အသုံးပြုနိုင်မှာ
မဟုတ်တော့ပါဘူး။ဒီလို Hard Disk ရဲ့ Firmware က ဘာကြောင့် ပျက်ရတာလဲ။
အခုနောက်ပိုင်း Hard Disk တွေမှာ Spindle အတွက် Fluid Bearing နည်းပညာကို
အသုံးပြုလာပါတယ်။ထို့ကဲ့သို့ Fluid Bearing နည်းပညာကို အသုံးပြုခြင်းကပဲ Firmwareကို
ပျက်စီးစေတဲ့ အကြောင်းအရင်းပဲလို့ ပြောရမလားပါပဲ။ Fluid Bearing အကြောင်းကို
အကြမ်းဖျင်းလောက် ရှင်းပြပေးပါမယ်။ယနေ့ခေတ် Hard Disk ထုတ်လုပ်သူအများစုက
Fluid Bearing ကို Spindle အဖြစ် အသုံးပြုလာခြင်းဟာအရင်တုန်းက Hard Disk
တွေမှာ အသုံးပြုခဲ့တဲ့ Ball Bearing ထက် ပိုကောင်းတာတွေ ရှိပါတယ်။၎င်းတို့ကတော့ .....
(၁) Ball Bearing ထက် ပိုမိုကောင်းမွန်တဲ့ Shock Resistant ကို ပေးနိုင်တယ်။
(၂) အသံမကျယ်ဘူး။ ဆူညံမှုနည်းတယ်။
ဒါပေမယ့် Fluid Bearing မှာ Hard Drive ကို စဖွင့်လိုက်တဲ့အချိန်မှာ သူရဲ့ Motor အစိတ်အပိုင်းတွေက
အေးနေတယ်ဗျ။ Bearing အတွင်းမှာရှိတဲ့ Fluid က Hard Drive ကို အကောင်းဆုံး Performance
မျိုးရအောင် လိုအပ်တဲ့ အခြေအနေမျိုးရောက်ဖို့ အချိန်ယူရသေးတယ်။ ၎င်းကို Warm Up လုပ်နေတဲ့
အချိန်လို့ ခေါ်ပါတယ်။ အဲလို Warm Up လုပ်နေတဲ့အချိန်လေးမှာ Hard Drive ရဲ့
Platters တွေဟာ ဒေါင်လိုက်တုန်ခါမှု Vertical Vibration ဖြစ်နေတယ်ဗျ။ အဲလိုဖြစ်ပေါ်နေတဲ့
တုန်ခါမှုတွေကြောင့် Read/Write Error တွေ ဖြစ်ပေါ်စေပါတယ်။ Hard Drive တွေ Fail
ဖြစ်ရခြင်းတွေထဲက အချက်တစ်ချက်ပေါ့။ ဒါကလည်း အမြဲတမ်းဖြစ်နေတယ်လို့ ဆိုလိုတာ မဟုတ်ပါဘူး။
သို့ပေမယ့် ဒေါင်လိုက်တုန်ခါမှုကြောင့် Hard Drive တွေရဲ့ Firmware တွေနဲ့ Service Area တွေ
ပျက်စီးရတာ ဖြစ်ပါတယ်။ Vertical Vibration ဖြစ်ပေါ်မှု အများဆုံးနေရာဟာ Disks ရဲ့ အပြင်ဘက်ဆုံး
Area ဖြစ်ပါတယ်။ ၎င်း Area ဟာလည်း Hard Disk ရဲ့ Service Track ရှိတဲ့နေရာလည်း ဖြစ်ပါတယ်။
Service Track ဆိုတာကလည်း Hard Disk ရပ်နေတဲ့အချိန်ကနေ ရုတ်တရက် စက်ဖွင့်လိုက်လျင်ဖွင့်ခြင်း
အလုပ်စလုပ်ရတာဆိုတော့ ကြာလာတဲ့အခါ Service Track မှာရှိတဲ့ အကြောင်းအရာ(Firmware)တွေ
တဖြည်းဖြည်း Lost ဖြစ်လာတာ ဖြစ်ပါတယ်။ နောက်ထပ်ဘာတွေ ဖြစ်လာနိုင်သေးသလဲဆိုတော့
(၁) Service Track ဖတ်လို့မရလျင် Read/Write Head ဟာ သူ့ဝင်ရိုးတစ်လျှောက် ဂတ်ဂတ်မြည်အောင်
ဖတ်နေလိမ့်မယ်။ ပြီးလျင် မဖတ်တော့ဘဲ Parking သွားထိုးလိမ့်မယ်။
(၂) Read/Write Head မှာပါတဲ့ အစိတ်အပိုင်းထဲက (ထောက်တိုင်) သဘောမျိုး အစိတ်အပိုင်းက
ကွေးလာတတ်တယ်။
(၃) အဲ့သလို ကွေးလာတတ်လျင် နောက်တစ်ခါမှာ Head ဟာ မျက်နှာပြင်မှာ ပွတ်တိုက်သွားတတ်တယ်။
အဲဒီတော့ ဒီလိုမပျက်ရလေအောင် ဘယ်လိုလုပ်ရမလဲ။ ဒါက ပျက်ရိုးပျက်စဉ်တွေထဲက သဘောတစ်ခုပါ။
အချိန်ကြာလာလျင် ဖြစ်လာတတ်တာကို ပြောပြတာပါ။
Read More
Power Supply ၏ အစိမ်းရောင်ကြိုးကို Shock ရိုက်ခြင်း
ကွန်ပျူတာကို စတင်ဖွင့်လိုက်တာနဲ့ Power supply က အလုပ်လုပ်ပါတယ်။ ကွန်ပျူတာရဲ့
လိုအပ်တဲ့ Volt အားကို Power Supply မှ စနစ်တကျ ဖြန့်ချီပေးပါတယ်။ အဲဒီလို အရေးပါတဲ့
Power supply အလုပ်လုပ်ခြင်း ရှိ၊မရှိ စမ်းသပ်တဲ့ နည်းလေးတစ်ခုကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။
အဲဒါကတော့ Power supply မှာ ရှိတဲ့ အစိမ်းရောင်ကြိုးကို Shock ရိုက်ခြင်းဖြစ်ပါတယ်။အရင်ဆုံး
အနေဖြင့် Power supply ရဲ့ အလုပ်လုပ်ပုံ အကြမ်းဖျင်းကို ဖော်ပြသွားမှာ ဖြစ်ပါတယ်။ Power supply ရဲ့အဓိကလုပ်ဆောင်ချက်ကတော့ AC(110-240) မှ ကွန်ပျူတာရဲ့ လိုအပ်တဲ့ DC(12V/5V/3.3V) သို့ ပြောင်းလဲပေးခြင်းဖြစ်ပါတယ်။ အချို့သော Power supply များမှာဆိုရင် AC အ၀င်ကို ပြောင်းလဲပေးလို့
ရနိုင်တဲ့ Switch တစ်ခုပါရှိပါတယ်။ ၎င်း Switch က AC 230 V သို့မဟုတ်115Vကို ပြောင်းလဲ အသုံးပြု
ခွင့်ပေးပါတယ်။ အချို့သော Power supply များမှာတော့ အ၀င် Voltageကိုအလိုအလျောက် ပြောင်းလဲ
ပေးနိုင်တဲ့ Sensors ပါရှိပါတယ်။
Read More
Tuesday, January 12, 2010
Wireless Network Theory အကြောင်းလေးပါ
Computers များ တစ်လုံးနှင့်တစ်လုံး အပြန်အလှန် Network ချိတ်ဆက်မှုတွင် Wired Cable 
ချိတ်ဆက်မှုနှင့် Wireless ချိတ်ဆက်မှုဆိုပြီး(၂)မျိုး ရှိနိုင်ပါတယ်။ အခုကျွန်တော်က Wireless 
Network ချိတ်ဆက်မှုနဲ့ ပတ်သက်ပြီးWireless Network တွေရဲ့ ချိတ်ဆက်မှုပုံစံ Theory ကို
ပြောပြပေးမှာ ဖြစ်ပါတယ်။ Wireless Network လို့ သိလိုက်ပြီ ဆိုတာနဲ့ Computer တွေ 
တစ်လုံးနဲ့တစ်လုံး Network ချိတ်ဆက်တဲ့နေရာမှာ Wired Cable တွေနဲ့ ချိတ်ဆက်ထားမှု
မရှိဘဲ Network ချိတ်ဆက်မှုဆိုတာကို သိရှိနားလည်ရမှာ ဖြစ်ပါတယ်။ အဲဒီတော့ Wireless
network ချိတ်ဆက်မယ်ဆိုရင် Wireless Access Point နှင့် Wireless Network Card တွေ 
မရှိမဖြစ်လိုအပ်မှာ ဖြစ်ပါတယ်။ ကဲ--- အခု ကျွန်တော် Wireless နဲ့ပတ်သက်တဲ့ Theory 
အချို့ကို ရှင်းပြပေးပါ့မယ်။ Wireless မှာလေ သူတို့တွေရဲ့ Data တွေပေးပို့နိုင်တဲ့ Speed က 
1 Mbps ကနေ 54 Mbps ထိရှိပါတယ်။ ဒါပေမယ့် အချို့ Wireless တွေကတော့ 108 Mbps 
ထိ Data တွေပေးပို့နိုင်ပါတယ်။ Wireless ကို အမျိုးအစား(၂)မျိုးနဲ့ ခွဲခြားလို့ ရပါတယ်။ 
ဘယ်လိုအမျိုးအစားလဲဆိုရင် Wireless LAN နှင့် Wireless WAN ဆိုပြီး အမျိုးအစားနှစ်မျိုးခွဲခြားလို့ရပါတယ်။ကျွန်တော်အခုပြောပြပေးသွားမယ့်Wirelessအကြောင်း
အရာတွေအားလုံးကတော့ Wireless LANအကြောင်းကိုပဲ ပြောပြပေးသွားမှာ ဖြစ်ပါတယ်။ 
Wireless LAN ချိတ်ဆက်မှုမှာ Computer တွေတစ်လုံးနဲ့တစ်လုံး Data သွားနိုင်တဲ့ ပုံစံကို 
Standard တွေနဲ့ဖော်ပြထားပါတယ်။ အဲဒီ Standard တွေကတော့IEEE 802.11a, 802.11b 
နှင့် 802.11g စတဲ့ Standard တွေပဲဖြစ်ပါတယ်။ အခု ကျွန်တော်ပြောပြပေးမယ့် Wireless 
Standard တွေက အရေးကြီးတယ်နော်။ IEEE 802.11a, 802.11b, 802.11g စတဲ့ 
Wireless Standard တွေကို သေသေချာချာ နားလည်သဘောပေါက်ထားရမှာ ဖြစ်ပါတယ်။
အဲဒီတော့--- သေသေချာချာလေး လိုက်ဖတ်ကြနော်။
Read More