မင်္ဂလာပါမိတ်ဆွေကျွန်တော်ရဲ့ဘလော့ကို
လာလည်တဲ့အတွက် ကျေးဇူးအထူးတင်ပါတယ်



ဒီဘလော့လေးကကျွန်တော်တတ်သိနားလည်ထားတဲ့
ပညာရပ်အနည်းငယ်ကို ဖော်ပြထားမယ့် ဘလော့လေး
တစ်ခုပါ အမှားအယွင်းလေးများပါခဲ့မယ်ဆိုရင် ခွင့်လွှတ်
နားလည်ပေးနိုင်မယ်လို့ ထင်ပါတယ်။ ကြွရောက်လာသော
မိတ်ဆွေသူငယ်ချင်းများ ကျန်းမာချမ်းသာကြပါစေ

Friday, January 15, 2010

SSD ( Solid State Drive ) အကြောင်း

Electronics Device တွေအားလုံးကို Semiconductor တွေ၊ Chips တွေနဲ့
ပြုလုပ်ထားတာပါ။ Solid Stateလို့ ဆိုလိုက်တာနဲ့ Semiconductor တွေနဲ့
ပြုလုပ်ထားတဲ့ Electronics Circuit ဆိုတာ သိရပါမယ်။ SSD လို့ဆိုလိုက်တာ
နဲ့ Semiconductor နဲ့ ပြုလုပ်ထားတဲ့ IC လေး ဒါမှမဟုတ် Data သိမ်းတဲ့ ပစ္စည်း
လေးဆိုတာသိနေရပါမယ်။အခုလက်ရှိ အနီးစပ်ဆုံး ဥပမာ ပြရရင်တော့ USB
Ports မှာထိုးပြီးသုံးရတဲ့ Flash Memory Stickလေးတွေကို ပြရမှာပါ။ Solid
State Drive နဲ့ USB Flash Drive ဆိုပြီး နာမည်သာ ကွဲသွားတာပါ။Non-volitile
Memory Chips ဖြစ်တာကတော့ အတူတူပါပဲ။Non-volatile Memory ဆိုတာက
သူ့ထဲမှာ Data တွေ သိမ်းမယ်။ ကိုယ်က မဖျက်သရွေ့ ပျောက်မသွားဘူး။
Power မရှိတော့တဲ့ အချိန်မှာလည်း Data တွေရှိနေအောင် သိမ်းထားနိုင်တယ်။
တစ်ခုပဲကွာတာပါ။Flash Drive က PC ရဲ့ အပြင်ဘက်မှာ သုံးဖို့ အဓိက Design
ထုတ်ထားတာပါ။ SSD ကတော့ Systemအတွင်းဘက်၊ အတိအကျပြောရမယ်ဆို
ရင်တော့ Hard Disk နေရာ မှာ အစားထိုးပြီးသုံးနိုင်ဖို့ အဓိကရည်ရွယ်ပြီး Design
ထုတ်ထားတာပါ။ဒါကြောင့်မို့ SSD ကို အပြင်ကကြည့်ရင် Hard Disk နဲ့ အတော်
တူပါတယ်။ အဓိက ရည်ရွယ်တာကတော့Notebook နဲ့ PC တွေမှာ သုံးဖို့ပါ။ ဒီလို
သုံးနိုင်ဖို့အတွက်တော့ Hard Disk အရွယ်အစားလောက်ရှိမှဖြစ်မှာပေါ့။ ပြီးတော့
IDE Connector တွေ SATA Connector တွေကလည်းပါရဦးမယ်လေ။SSD ကို
ဘာကြောင့်သုံးသင့်သလဲSSD က Hard Disk အပေါ်မှာ သာသွားတဲ့အချက် သုံး
ချက်ရှိပါတယ်။နံပါတ် ( ၁ )က Power အစားနည်းပါတယ်။ ဘာ့ကြောင့်လဲ?
Motor တွေလည်ဖို့ အသုံးပြုရတဲ့ Powerမလိုတော့ပါဘူး။ Drive လည်း Hard Disk
ထက်ကို Energy အများကြီးနည်းပြီးသုံးပါတယ်။နံပါတ် ( ၂ )အချက်က Data တွေ
ကို ပိုပြီး မြန်မြန်ဆန်ဆန် ပို့နိုင် Access လုပ်နိုင်ပါတယ်။လူတိုင်းလူတိုင်းလိုချင်ကြတဲ့
အချက်ပါ။ Data တွေရှာဖို့အတွက် Hard Disk မှာလို Platter တွေရွှေ့စရာမလိုပါဘူး။

Head တွေလည်းနေရာချစရာ မလိုပါဘူး။အနည်းဆုံးတော့ ဒီအချိန်တွေက ပိုထွက်လာ
ပါတယ်။ Data တွေကို ဖတ်ဖို့ Command ပေးလိုက်တာနဲ့ချက်ချင်းဖတ်နိုင်တဲ့ စွမ်းရည်
ရှိပါတယ်။ Hard Disk ထက်ကို 20% ပိုပြီးမြန်မြန် ဖတ်နိုင်တယ်လို့ ဆိုပါတယ်။
ယုံကြည်စိတ်ချရ မှုကလည်း Hard Disk ထက်ကိုပိုပါတယ်။ Hard Disk ရဲ့ Platter
တွေဟာကျိုးပျက်လွယ်တဲ့အထိမခံ အမျိုးအစားတွေပါ။ Head Crash ဖြစ်ရတာနဲ့၊
Bad Sector ပေါ်ရတာနဲ့မဆုံးနိုင်တော့ပါဘူး။ Hard Disk ကို နေရာနည်းနည်း ရွှေ့
လိုက်ရင်ပဲ ဖတ်လို့မရဘူး ဆိုတာတွေဖြစ်တတ်ပါတယ်။SSD မှာကျတော့ အထဲမှာ ရွှေ့လို့ရတဲ့အပိုင်းမပါပါဘူး။ Chips အားလုံးကို ကျစ်ကျစ်လျစ်လျစ်နဲ့တသားတည်း
ပြုလုပ်ထားတာပါး။ ဆိုလိုတာက ပြုတ်ကျလို့ အထဲက အစိတ်အပိုင်းတွေပျက်စီးသွား
တယ်ဆိုတာ SSD မှာမရှိပါဘူး။SSD ကို ဘာကြောင့် မသုံးကြသေးတာလဲ?အဓိက
အချက်ကတော့ ဈေးနှုန်းပါ။ SSD တစ်ခုရဲ့ ဈေးနှုန်းသည် Notebook Computer
တစ်လုံးစာရှိပါတယ်။ Notebook Computer ထုတ်လုပ်သူတိုင်းက SSD ကို မသုံး
နိုင်သေးပါဘူး။နောက်ပြသနာ တစ်ခုက Data ဝင်ဆန့်မှုပါ။ လက်ရှိ Hard Disk တွေက
200 GB နှင့်အထက်သိုလှောင်နိုင်နေတဲ့အချိန်မှာ ဈေးကြီးပါတယ် ဆိုတဲ့ SSD က
64 GB လောက်သာ ဝင်ဆန့်သေးတာပါ။ရိုးရိုး Hard Disk နဲ့စာရင် ဈေကြီးပြီး Data
ဝင်ဆန့်မှု နည်းနေပါတယ်။ဒါပေမယ့် မကြာခင်အချိန်အတွင်းမှာ ဒီအချက်တွေ အားလုံးပြေလည်သွားပါလိမ့်မယ်။ Notebookလောကမှာ SSD သို့ ပြောင်းလဲခြင်းသည်
ကြီးမားသော ပြောင်းလဲမှု ဖြစ်လာပါလိမ့်မယ်။

No comments:

Post a Comment